🔯🔯🔯🔯ကြယ်လေးတွေ တာဝန်ကျေပါတယ်

ဇရပ်ကြီးတိုက်ပွဲအတွင်း တော်ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော် ၄ ဦး တိုင်းပြည်အတွက် အသက်ပေးခဲ့ရ…++++++++++++++++ဇန်နဝါရီ ၁၀ – ၂၀၂၄ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့က အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း တော်ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော် ၄ ဦး တိုင်းပြည်အတွက် အသက်ပေးခဲ့ရတယ်လို့ တော်ဝင်ဒေါင်းစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။ KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်များနဲ့အတူ တော်ဝင်ဒေါင်းစစ်ကြောင်း – Royal Peacock Column P-29913 က ဇရပ်ကြီးမြို့က အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို ဖေဖော်ဝါရီ ၇ ရက် မနက် အစောပိုင်းက စတင်တိုက်ခိုက်ခဲ့ရာ စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လေကြောင်းပစ်ကူများနဲ့ သာလွန်အင်အားသုံးကာ ခုခံတိုက်ခိုက်ခဲ့ပေမယ့် တော်ဝင်ဒေါင်းစစ်ကြောင်းနဲ့ မဟာမိတ်တပ်များဟာ ခလရ (၇၃) သိမ်းပိုက်မှုနဲ့အတူ စစ်ဆင်ရေးရည်မှန်းချက််များကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူသေဆုံးမှုနဲ့ ပြည်သူပိုင်အဆောက်အအုံပျက်စီးမှုများ များစွာ ဖြစ်ပေါ်ခဲ့ပြီး တော်၀င်ဒေါင်းစစ်ကြောင်းက ရဲဘော်မင်းခန့်၊ ရဲဘော်သီဟ၊​ ရဲဘော်ဘီးကြဲနဲ့ ရဲဘော် စာကလေးတို့ တိုက်ပွဲအတွင်း ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း တိုင်းပြည်နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အသက်များမြင့်မြတ်စွာ ပေးလှူခဲ့ရတယ်လို့ တော်ဝင်ဒေါင်းစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ရက်ကနေ ဒီနေ့အချိန်အထိ စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူများရဲ့ နေအိမ်အဆောက်အအုံများကို လေကြောင်း၊ လက်နက်ကြီးများနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေပြီး စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ တော်၀င်ဒေါင်းစစ်ကြောင်းအနေနဲ့လည်း စစ်ရေးဖော်ဆောင်မှုများပြုလုပ်ရာမှာ ပြည်သူများရဲ့ ဖက်ဒရယ်ပြည်ထောင်စုမျှော်မှန်းချက်များကို ရှေ့တန်းတင် တိုက်ပွဲ၀င်နေတာကြောင့် မြင့်မြတ်စွာကျဆုံးခဲ့ကြတဲ့ ရဲဘော်ရဲဘက်များ ကိုယ်စား ပိုမိုကြိုးစားတိုက်ပွဲ၀င်သွားမယ်လို့ ကတိပြုကြောင်း ထုတ်ပြန်ထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *