မအိပ်ခင်သတင်းကောင်းလေးဖတ်လိုက်အုန်း

ကောလင်းမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီက ဓါတ်ဆီလောင်းမီးရှို့ခဲ့သည့် ပြည်သူတစ်ဦးကို PDFများကယ်ထုတ်▪︎စစ်ရဟတ်ယာဉ်တစ်စီးကိုပစ်ခတ်နိုင်ပြီး ပျူစခန်းတစ်ခုကို PDFများသိမ်းယူ▪︎စစ်​ကောင်စီက ဖေ​ဖော်ဝါရီ ၉ ရက်တွင်ကောလင်းမြို့​ဆေးရုံကိုဗုံကြဲ၍ဆေးရုံပျက်စီးခဲ့​သော်လည်းလူထိခိုက်မှု မရှိ ကောလင်းမြို့တွင်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ယနေ့တိုက်ပွဲတွင် စစ်ကောင်စီက ဓာတ်ဆီလောင်းမီးရှို့ခဲ့သည့် အရပ်သားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကယ်ဆယ်နိုင်ခဲ့ပြီး စစ်ရဟတ်ယာဉ်တစ်စီးကိုလည်း ပစ်ခတ်နိုင်ခဲ့ကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်များကပြောသည်။”တိုက်ပွဲက မနက်ကတည်းက စတာ။ တ‌မနက်လုံး မြို့တွင်းတိုက်ပွဲ ဖြစ်တယ်။ လေကြောင်းက တစ်ကြိမ်လာပစ်တယ်။ မြို့ထဲတော့ အပျက်အစီးများတယ်။ ဝန်းသိုမှာတော့ ကောလင်းကနေလာတဲ့ Mi-17ကို ပစ်တာ ထိသွားတယ်။ အဆင်းမှာ ပစ်တာ။ ထိပြီး ကွင်းထဲဆင်းသွားနိုင်တယ်”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။ဝန်းသိုမြို့အခြေစိုက် ခမရ(၁၂၀)သို့ ဆင်းသက်သည့် Mi-17ကို ယနေ့(​ဖေ​ဖော်ဝါရီ ၁၀ရက်) နေ့လယ် ၁၂ နာရီခန့်တွင် ဝိုင်းဝန်း ပစ်ခတ်ခြင်းဟု သိရသည်။ အဆိုပါ ရဟတ်ယာဉ်ပေါ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းပါဝင်ပြီး ရဟတ်ယာဉ်ပျက်မကျသော်လည်း လူထိခိုက်နိုင်ကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။ဖေ‌ဖော်ဝါရီလ ၈ ရက်ကလည်း ကန့်ဘလူမြို့ရှိ ချက်သင်းဘေးမဲ့တောအတွင်းမှ စစ်ကောင်စီနှင့် ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်နေစဉ် လေကြောင်းမှ လာပစ်သည့် စစ်ကောင်စီ၏ Mi-35 ရဟတ်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပွိုင့် ဖိုက်ဖြင့် ပစ်ခတ်ရာ ထိမှန်ခဲ့သည်။ ထိုရဟတ်ယာဉ်သည် မီးခိုးတန်းထွက်လျက် ကန်ဘလူမြို့ရှိ တင့်ကားတပ်ရင်း ၆၀၀၆ ဘက်သို့ ပျံသန်းသွားကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံအချို့က​ပြောသည်။ထိုနေ့ကတိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်းမှူး သေနတ်ကျည်ထိမှန်သွားကြောင်း နောက်ဆက်တွဲသတင်းရသည်ဟု ​တော်လှန်​ရေးရဲဘော်တဦးက ပြောသည်။ယနေ့တိုက်ပွဲတွင် စစ်ကောင်စီ၏လက်နက်ကြီးကျရောက်မှုနှင့်မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များမီးလောင်ကျွမ်းခဲ့ပြီး ပြည်သူတစ်ဦးကိုလည်း ဓာတ်ဆီလောင်းကာမီးရှို့ခဲ့သည်ဟု သတင်းရရှိထားကြောင်း Kawlin Revolution-KR က သတင်းထုတ်ပြန်သည်။မီးရှို့ခံရသောပြည်သူအား PDFများကကယ်ထုတ်၍ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်း ကနဦးသတင်းကို Kawlin Revolution-KR က အသိ​ပေးထားသည်။ထို့အပြင် စစ်ကောင်စီသည် တိုက်ပွဲဖြစ်သည့်‌​နေရာ မဟုတ်‌ဘဲကောလင်းမြို့နယ် ချောင်းနားရွာအနောက်ဘက်သို့ ​ဖေ​ဖော်ဝါရီ ၁၀ ရက် နေ့လယ် ၁၁ နာရီ ၃၅မိနစ်တွင် လေကြောင်းမှတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှု၌လူထိခိုက်မှုမရှိခဲ့သော်လည်း အိမ်မွေးတိရစ္ဆာန်များသေဆုံးခဲ့ကြောင်းသိရသည်။ အလားတူ စစ်ကောင်စီတပ်သည် ကောလင်းမြို့ဆေးရုံအား​ဖေ​ဖော်ဝါရီလ ၉ ရက်ည​နေ ၃ နာရီ​ကျော် တွင် ​လေ​ကြောင်းမှ ဗုံး​လေးလုံးကြဲခဲ့သည်။​လေ​ကြောင်းမှ ဗုံးကြဲမှု​ကြောင့် ​ဆေးရုံမှာလုံးဝပျက်စီး​ခဲ့သော်လည်း လူထိခိုက် မှု မရှိ​​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ၊ ဝန်ကြီးချုပ်ရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​နေဘုန်းလတ်က​ပြောသည်။ စစ်​ကောင်စီတပ်က အာဏာသိမ်းပြီး​နောက်ပိုင်း ​ဆေးရုံ ၊​ဆေးခန်းများကိုပစ်မှတ်ထားတိုက်ခိုက်​သော​ကြောင့် ​ဆေးရုံ၊​ဆေးခန်း​ပေါင်း ၃၀၀ ​ကျော် ထိခိုက်ပျက်စီးခဲ့​ကြောင်း Insecurity Insight က​ဖော်ပြထားသည်။ Insecurity Insight မှာ အာဏာသိမ်းပြီး​နောက်ပိုင်း ကျန်းမာ​ရေး ကဏ္ဍအ​ပေါ် တိုက်ခိုက်မှုများ ထိခိုက်မှုများကို ​စောင့်ကြည့်မှတ်တမ်းတင်​ပေး​နေခြင်းဖြစ်သည်။”လက်ရှိအ​ခြေအ​နေက ​တော်လှန်​ရေးအင်အားစု​တွေက ​ကောလင်းကို အ​ကောင်းဆုံးခုခံကာကွယ်​နေတဲ့ အ​ခြေအ​နေမှာပဲ ရှိပါ​သေးတယ် ။ မြို့ကို ကာကွယ်ထိန်းချုပ်ထားတယ် ။အခု​ဆေးရုံပျက်စီး​နေတဲ့ ဓါတ်ပုံ​တွေဆိုရင်လည်း ကျွန်​တော်တို့​တော်လှန်​ရေးအင်အားစု​တွေထဲက ရယူ ထားတဲ့ ပုံ​တွေဖြစ်ပါတယ် ။ အကြမ်းဖက်စစ်​ကောင်စီက​တော့ လက်နက်ကြီးနဲ့ ဆက်တိုက် အဆက်မပြတ် ပစ်ခတ်​နေတာ​တွေ ၊​နောက်ပြီး​တော့ သူတို့ Target ထားတဲ့ ပစ်မှတ်အချို့ကို ​လေယာဥ်နဲ့ ဗုံးကြဲတာ ဒါ​တွေက​တော့ ​နေစဥ်ရက်ဆက်ပြုလုပ်​နေတဲ့ အ​ခြေအ​နေဖြစ်ပါတယ်။ ” ဟု ဦး​နေဘုန်းလတ်က ရှင်းပြသည်။ထို့အပြင် ယနေ့တိုက်ပွဲ၌ကန့်ဘလူမြို့နယ်၊ အင်ကြင်းစုကျေးရွာရှိ စစ်ကောင်စီထောက်ခံသည့်ပျုဘုန်းကြီး ဝါသဝ၏ စခန်းတစ်ခုကို ယနေ့‌ (ဖေဖော်ဝါရီလ ၁၀ ရက် )နံနက် ၄ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်သိမ်းယူခဲ့ကြောင်းသတင်းရရှိသည်။”ဝါသဝရဲ့ ပျူစခန်းက ကောလင်းကို ထောက်ထားတာ။ ကျတော်တို့က နောက်ကနေပြန်ပတ်ပြီး တိုက်တာ။ လက်နက်တွေလည်းရတယ်။ ပျူတွေလည်းသေတယ်”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၃ ရက် ညမှစ၍ ကန့်ဘလူမြို့နယ်၊ကိုးတောင်ဘို့ကျေးရွာဘက်ခြမ်း၊ ကြခတ်ကုန်းနှင့် ဖလဲရွာတို့ဘက်မှ အင်အား ရာ​ပေါင်းများစွာဖြင့် စစ်ကြောင်းများခွဲ၍ ထိုးကာ တိုက်ခိုက်လာခြင်းဖြစ်သည်။ ယနေ့(ဖေဖော်ဝါရီ ၁၀ရက်)မှာတိုက်ပွဲ ရှစ်ရက်မြောက်ဖြစ်ပြီး ​တော်လှန်​ရေးတပ်ဖွဲ့များက မြို့ကိုထိန်းချုပ်ထားဆဲ​ကြောင်း သိရသည်။ (စစ်​ကောင်စီက ​လေ​ကြောင်းမှ ဗုံးကြဲ၍ ပျက်စီးသွား​သော ​ကောလင်းမြို့ ပြည်သူ့​ဆေးရုံ ။ဓါတ်ပုံ-NUG )

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *