ကောလင်းမြို့သတင်းအမှားတွေမယုံကြနဲ့

ကောလင်းမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ခြေလျင်စစ်ကြောင်း အင်အားအလုံးအရင်းဖြင့်အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း သိမ်းပိုက်နိုင်ခြင်းမရှိသေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ခြေလျင်စစ်ကြောင်း အင်အား အလုံးအရင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေသော်လည်း သိမ်းပိုက် နိုင်ခြင်းမရှိသေးကြောင်း ရှေ့တန်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ကစ၍ NUG ၊ PDF တပ်ဖွဲ့ဝင်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ကောလင်း မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရန် အကြမ်းဖက်စစ်ကောင်စီတပ်က ခြေလျင်စစ်ကြောင်း အင်အား ထောင်ချီ အသုံး ပြုကာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အမြောက်အများအသုံးပြုပြီး ထိုး စစ်ဆင်တိုက်ခိုက် နေသော်လည်း ၉ ရက်ကြာသည်အထိ မြို့အနီအနားပတ်ဝန်းကျင်ကို ကပ်နိုင်သာ ရှိသေးပြီး မြို့ကို သိမ်းပိုက်ထားနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ခွေးတွေဘက်က မြို့အနားနားကို ကပ်နိုင်ရုံပဲရှိပါသေးတယ်၊ မသိမ်းနိုင်သေးပါဘူး၊ ကိုယ့်ဘက် က အသားစီးရပါတယ်၊ တိုက်ပွဲကတော့ ဖြစ်လိုက်နားလိုက်ပေါ့၊ အတွင်းထဲ တစ်မြို့လုံး ခြုံငုံပြီးတော့ မသိမ်းနိုင်သေးပါဘူး၊ စစ်ခွေးတွေဘက်က ဟောင်ဝှစ်ဇာ တွေလည်း သုံးတယ်၊ ၆၀၀၆ က ဟောင်ဝှစ် ဇာ ကို ပေကုန်းဘက်အထိသယ်ပြီး လှမ်းထောက်တယ်၊ ကိုးတောင်ဘို့ခွေးကုန်းမှာလည်း ၇၅ မမ ပါ လာတယ်ဗျ၊ ၇၅ မမနဲ့ပစ်တယ်၊ ကောလင်းကို ကျတော့ ဝန်းသိုကနေ ဟောင်ဝှစ်ဇာနဲ့ ထုတယ်။” ဟု ရှေ့တန်းသတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ကောလင်းမြို့တိုက်ပွဲအတွင်း PDF ရဲဘော် ၂ ဦးကျဆုံးထားပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများလည်း ထိခိုက်သေဆုံးမှုများပြာလျက်ရှိပြီး တိုက်ပွဲဖြစ်နေဆဲ ကာလဖြစ်သည့်အတွက် အရေအတွက်အတိအကျ သိရှိနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ကောလင်းမြို့ကို ပေးလိုက်ရသည်ဟု ဆိုသော သတင်းမှာ မှန်ကန်မှုမရှိပဲ မြို့ပြင်တွင် တိုက်ပွဲဖြစ် နေဆဲဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် နေ့မနား၊ ညမနားအလုပ်လုပ်ကာ မြို့ကို ကာကွယ်နေသည်မှာ ၉ ရက်ရှိပြီဖြစ်ကြောင်း စစ်ရေးသတင်းဖြစ်သဖြင့် လျှိုဝှက်စွာလုပ်ကိုင် ဆောင်ရွက်နေကြပြီး ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ မိဘပြည်သူအားလုံးလက်တွဲပူးပေါင်းကာ ဆောင် ရွက်နိုင်ပါက ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း Kawlin Revolution – KR က အသိပေးထားသည်။

photo လက်ရှိကောလင်းအခြေအနေ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *