Breaking News-လျို့ဝှက်စာနော် လေယာဥ်စီးခွင့်ကန့်သတ်

Breaking News- တနင်္သာရီတိုင်းတွင် လေယာဉ်လက်မှတ်ဝယ်ယူခြင်းနှင့် လေယာဉ်စီးခြင်းများအတွက် မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ခှုပ်ရေးမှူး ထောက်ခံချက်ပါရှိမှ ရောင်းချပေးရန်နှင့် လေဆိပ်သို့ အုပ်ချုပ်ရေးမှူး ထောက်ခံချက် ယူဆောင်ရန် စစ်တပ်က လျှို့ဝှက် ညွှန်ကြား■ ရန်ကုန်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များ အပါအဝင် အခြားပြည်တွင်းလေဆိပ်များတွင် ထိုသို့ ညွှန်ကြားချက်မရှိသေးရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ တနင်္သာရီတိုင်းတွင် လေယာဉ်လက်မှတ်ဝယ်ယူခြင်းနှင့် လေယာဉ်စီးခြင်းများအတွက် မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ခှုပ်ရေးမှူး ထောက်ခံချက်ပါရှိမှ ရောင်းချပေးရန်နှင့် လေဆိပ်သို့ အုပ်ချုပ်ရေးမှူး ထောက်ခံချက် ယူဆောင်ရန် စစ်တပ်က လျှို့ဝှက် ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းရှိ လေယာဉ်လက်မှတ်အရောင်းဆိုင်များက လေယာဉ်လက်မှတ်ရောင်းချရာတွင် ပြည်သူ(ဝန်ထမ်းမဟုတ်သူ)များအား သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိမှသာ ရောင်းချပေးရန်နှင့် E-Ticket ဖြင့် ဝယ်ယူပါက အဆိုပါဝန်ထမ်းမဟုတ်များက လေဆိပ်သို့ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက် ခံချက် ယူဆောင်လာရန် မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးမင်းခိုင်က ဖေဖော်ဝါရီလ ၈ ရက်နေ့ တွင် လျှို့ဝှက် ညွှန်ကြားသည်။ “မြိတ်လေဆိပ်တစ်ခုတည်းမှာပဲ ညွှန်ကြားတာပါ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ အခြားပြည်နယ်/တိုင်းလေဆိပ်တွေမှာ ညွှန်ကြားတာမရှိသေးပါဘူး။ အခုထက်ထိတော့ မြိတ်လေဆိပ်လို လုပ်တာမရှိသေးဘူး။ သို့သော် နောက်ပိုင်းတော့ မသိဘူး။ လုပ်ရင်လည်း လုပ်လာနိုင်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းထားပြီး တစ်နိုင်ငံလုံးရှိ လူငယ် လူရွယ်များကို စစ်မှုထမ်းဆောင်ရမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *