ဖ-မ်းခံရတာချင်းတူတာတောင် ဆက်ဆံပုံချင်းမတူဘူး

ပဲခူးရိုးမအတွင်း ရောက်ရှိနေသော စစ်ကောင်စီတပ်ကို PDF စစ်ကြောင်းနှစ်ခုဖြင့် တိုက်ခိုက်

▪️လက်နက်နှင့်အတူ တပ်ကြပ်တစ်ဦးအရှင်ဖမ်းမိပြီး သေဆုံးသူများပြားဟုဆို

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို စစ်ကြောင်းနှစ်ခုခွဲကာ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၁)နံနက် ၇နာရီခန့်က ပဲခူးရိုးမရှိ မင်းလှဆည် ရှင်းလင်းဆောင်စခန်းနှင့် တာဝါတိုင်စခန်းတို့ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ နှင့် ပြည်ခရိုင် တပ်ရင်း(၃၆၀၁) ဧရာညီနောင်စစ်ကြောင်းတို့ ပူးပေါင်း၍ နှစ်ဖွဲ့ခွဲကာ သွားရောက်တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ် စခန်းနေရာနှစ်ခုအား တိုက် ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်ကြရင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး တာဝါတိုင်စခန်းမှ စစ်ကောင်စီတပ်သား သုံးဦးမှာ PDF ရဲဘော်များ ပစ်ခတ်မှုကြောင့် နေရာတွင်လဲကျသေဆုံး၍ အများအပြား ဒဏ်ရာရရှိသွားကြောင်း တပ်ရင်း(၃၈၀၂)က ပြောသည်။

ထို့အပြင် ရှင်းလင်းဆောင်စခန်းတိုက်ခိုက်မှုတွင် ပြည်ခရိုင် တပ်ရင်း(၃၆၀၁)ဧရာညီနောင်စစ်ကြောင်းမှ ရဲဘော်တောင်တန်း ကျဆုံး၍ စစ်ကောင်စီတပ်များဘက်မှ အလောင်း ၁၂ လောင်း၊ ကပစ-၃ မှ ဒုတပ်ကြပ်တစ်ဦးအား MA3 သေနတ်တစ်လက်နက်နှင့်အတူ ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု အသိပေးသည်။

ယင်းနောက် ကျန်စစ်ကောင်စီတပ်များမှာ ဖရိုဖရဲဖြင့် တပ်ဆုတ်သွားသဖြင့် ရှင်းလင်းဆောင်စခန်းအား PDF ပူးပေါင်းတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီး၍ ရှင်းလင်းနိုင်ခဲ့ကြောင်း တပ်ရင်း(၃၈၀၂)မှ တာဝန်ရှိသူက ပြောသည်။

“တိုက်ပွဲ ပိုပြင်းထန်လာနိုင်တယ်။ ခုမနက် စကစတွေ ကင်းပုန်းချထားတယ်။ (ပဲခူးရိုးမဖြတ်လမ်း)စိန်ကန့်လန့်အထွက်ကနေ ဟိုင်းယုလမ်းဆုံအထိ စကစတွေ တောက်လျှောက်ကင်းပုန်းဝပ်နေပါတယ်”ဟု တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်လှုပ်ရှားမှုအခြေအနေကို ၎င်းက ရှင်းပြသည်။

ဖေဖော်ဝါရီ ၉ ရက် နံနက်အစောပိုင်းကလည်း အုတ်ဖို့မြို့နယ်၊ အုတ်ဖုတ်မြို့အဝင်လမ်းနှင့် ရန်ကုန်-ပြည်လမ်း တာဆုံရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရသွား​သေးသည်။

(မင်းလှဆည် ရှင်းလင်းဆောင်စခန်းအား မီးရှို့ဖျက်ဆီးပြီး စစ်ကောင်စီတပ်မှ ဒုတပ် ကြပ်တစ်ဦးကို လက်နက်နှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ – ပေးပို့)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *