ဒီလိုသတင်းပဲကြားချင်တယ်

အုတ်ဖိုမြို့နယ်၊ မင်းလှဆည်ပေါ်ရှိ ရှင်းလင်းဆောင်စခန်း သိမ်းတိုက်ပွဲအတွင်း သေနတ် ဒဏ်ရာများဖြင့် အရှင် ဖမ်းမိသော တပ်ကြပ်ကြီး ၁ ဦး ဆေးကုသမှု ခံယူနေစဉ်သေဆုံးရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ မင်းလှဆည်ပေါ်ရှိ ရှင်းလင်းဆောင်စခန်း သိမ်းတိုက်ပွဲအတွင်း သေနတ် ဒဏ်ရာများဖြင့် အရှင် ဖမ်းမိသော တပ်ကြပ်ကြီး ၁ ဦး ဆေးကုသမှု ခံယူနေစဉ်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်က အုတ်ဖိုမြို့ နယ်၊ ပဲခူးရိုးမအတွင်း မင်းလှဆည်ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ရှင်းလင်းဆောင်စခန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၁ ဧရာညီနောင် စစ်ကြောင်းတို့ ပူးပေါင်း တိုက်ခိုက် သိမ်းပိုက် ခဲ့ပြီး ကပစ-၃ မှ ဒုတပ်ကြပ် ဇင်အောင်ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဒုတပ်ကြပ် ဇင်အောင်သည် တော်လှန်ရေး တပ်ဖွဲ့များ အရှင်ဖမ်းဆီးရမိစဉ်ကပင် သေနတ်ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေစဉ် ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သေဆုံးသွားပြီး နံနက် ၈ နာရီခန့်တွင် ကောင်းမွန်စွာ မီးသဂြိုလ်ပေးခဲ့ကြောင်း သိရသည်။”တိုက်ပွဲအတွင်းမှာ ရရှိတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားတာပါ။ မနေ့ကတည်းက သူ့ခါးနဲ့ ဗိုက်တွေ ပစ်ခံထားရတဲ့ ဒဏ်ရာရနေတာ ကျွန်တော်တို့ အတက်နိုင်ဆုံး ကုသပေးထားပေမယ့် သူ့ဒဏ်ရာတွေက တော်တော်များတော့ လက်လျှော့လိုက်ရတယ်။ အခုမနက် ဆေးရုံပို့ဖို့ မနေ့က တိုင်ပင်ထားတာ လမ်းကြောင်းအဆင်ပြေရင် ပို့ပေးမယ်ပေါ့။ တိုက်ပွဲထဲမှာ လက်နက်ချဖို့ပြောသေးတယ်။ ဘယ်သူကမှ လက်နက်မချဘူး” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။သေဆုံးသွားသော ဒုတပ်ကြပ် ဇင်အောင် သည် ပြည်ခရိုင် တပ်ရင်း ၃၆၀၁ ဧရာညီနောင်စစ်ကြောင်းမှ ရဲဘော်တောင်တန်းကို ပစ်ခတ်သတ်ဖြတ်သခဲ့သည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ဖြစ်သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် ဖမ်းဆီးရမိထားစဉ်အတွင်း စစ်သုံ့ပန်း ဥပဒေအရ ကောင်းမွန်စွာ ထိန်းသိန်းစောင့်ရှောက်ခဲ့ကြောင်း သိရှိရသည်။အကြမ်းဖက် စစ်ကောင်စီ တပ်သားများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှ ရုန်းထွက်ပြီး CDM ပြုလုပ်ကြရန်နှင့် CDM ပြုလုပ်ရန် အခက်အခဲ ရှိပါက တိုက်ပွဲအတွင်း လက်နက်ချ အလံဖြူထောင်ကြရန် အသိပေး တိုက်တွန်းလိုကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ ကထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *