ပြည်တွင်းခရီးတောင်မသွားရဲကြတော့ဘူး

ရန်ကုန်မှ မန္တလေးသို့ ပြန်လာသည့် တန့်ဆည်မြို့သား လူငယ် ၄ ဦးကို စစ်တပ်က ခရီးသည်တင်ကားပေါ်အထိ တက်၍ ဖမ်းဆီးရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရန်ကုန်မှ မန္တလေးသို့ ပြန်လာသည့် တန့်ဆည်မြို့သား လူငယ် ၄ ဦးကို စစ်တပ်က ခရီးသည်တင်ကားပေါ်အထိ တက်၍ ဖမ်းဆီးသွားကြောင်း အဆိုပါလူငယ်များနှင့်နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်း ရန်ကုန်-မန္တလေးပြေးဆွဲနေသော ခရီးသည်တင် Express ကားပေါ်တွင် လိုက်ပါသော ကိုကောင်းထက်စိုး၊ ကိုသွင်စိုးထွန်း၊ ကိုတင်ထွဋ်ဝင်း၊ ကိုဇော်ဇော်အောင်တို့ ၄ ဦးကို စစ်တပ်က တံတားဦးဂိတ်အနီးတွင် ကားပေါ်တက်၍ ဖမ်းဆီးသွားကြောင်း သိရှိရသည်။ “ရန်ကုန်- မန္တလေး Express ကားပေါ် (တံတားဦး ဂိတ်အနီး) တန့်ဆည် ကံထူးမ ရွာသား လူငယ် ၄ ဦးကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။ လူငယ် ၄ ဦးက အသက် ၂၃-၂၄ နှစ်ခန့်တွေဖြစ်ပြီး ရန်ကုန်မှ မန္တလေးသို့ ကားတစ်စီးတည်း အတူ ပြန်လာကြတာတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်” ဟု နီးစပ်သော သတင်းရပ်ကွက်က ရှင်းပြသည်။ အကြမ်းဖက်စစ်ကောင်စီက ခရီးသွားပြည်သူများထဲမှ လူငယ်များကို လမ်းခရီးများတွင် တားဆီးစစ်ဆေး ဖမ်းဆီးမှုများကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်၍ အရှိန်တိုးမြှင့်လုပ်ဆောင်လာကြောင်း စစ်ကိုင်းနှင့်မကွေးတိုင်းဘက်မှ သတင်း ရင်းမြစ်များ၏ ပြောဆိုချက်အရ သိရှိရသည်။ ဓာတ်ပုံ- ခရီးသည်တင်ကားများပေါ်တက်၍ စစ်ဆေးနေသော အကြမ်းဖက်စစ်သားတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)Photo- CJ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *