ငပုတို့အဖွဲ့ကခေါ်တာလေ ဘာလို့ တလရထဲရောက်ကုန်တာလဲ😁😁😁😁

ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေးတပ်သားသစ်ခေါ်ယူရာတွင် ၂၄ နာရီအတွင်း လျှောက်လွှာပေါင်း ၂၀၀၀ ကျော် လက်ခံရရှိရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေးတပ်သားသစ်ခေါ်ယူရာတွင် ၂၄ နာရီအတွင်း လျှောက်လွှာပေါင်း ၂၀၀၀ ကျော် လက်ခံရရှိကြောင်း ရန်ကုန်တိုင်းစစ်ဌာနမှ ရဲဘော်ဒေဝက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်တိုင်းစစ်ဌာနမှ တပ်သားသစ်များခေါ်ယူရာတွင် လျှောက်လွှာစတင်လက်ခံသည့် အချိန်မှစ၍ ၁၂ နာရီအတွင်းထောင်နှင့်ချီသော လျှောက်လွှာများ လက်ခံရရှိခဲ့ကြောင်း၊ လက်ခံရရှိထားသော လျှောက်ထားသူအချက်လက်များ လုံခြုံရေးနှင့် အချက် အလက်များ စိစစ်ခြင်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ လျှောက်လွှာပါ အချက်အလက်များ မှန်ကန်ပြည့်စုံစွာ ထည့်သွင်းထားခြင်းမရှိသည့် လျှောက်လွှာများ၊ သတ်မှတ်ချက်နှင့် ကိုက်ညီခြင်းမရှိသည့် လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း အသိပေးလိုကြောင်း သိရှိရသည်။”၂၄ နာရီအတွင်း လျှောက်လွှာပေါင်း ၂၀၀၀ကျော်တယ်။ အခြားတော်လှန်ရေးတပ်ဖွဲ့တွေလည်း မနည်းဘူး” ဟု ရဲဘော်ဒေဝက ဆိုသည်။ PDF လျှောက်လွှာများစိစစ်၍ တပ်သားသစ်များအား ခေါ်ယူနိုင်ရန် စီစဉ်နေသည့်အချိန်အတွင်း လျှောက်ထားသူများအနေဖြင့် ကြိုတင်ပြင်ဆင်ရမည့် အချက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *