ဧရာဝတီတိုင်း၊ ပုသိမ်တက္ကသိုလ်ကနန်းနန်းတို့ ထီပေါက်ဘီ

ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်း၊ ပုသိမ်တက္ကသိုလ်၀န်းအတွင်း တက္ကသိုလ်၊ ကောလိပ်နှင့် နည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများကို တက္ကသိုလ်အရန်တပ်ခွဲအဖြစ် တစ်လကြာ အခြေခံစစ်သင်တန်း ပေးနေကြောင်းသိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့် သတင်းပတ်များအတွင်း အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံများက နိုင်ငံတဝန်း အရပ်သားပြည်သူများအား ပြည်သူ့စစ်အတွင်း ဝင်ရောက်ရန် အတင်းအဓမ္မ ခြိမ်းခြောက်ဖမ်းဆီးပြီး စစ်သင်တန်းပေးနေသည့်အပြင် အသက် ၁၈ နှစ် ပြည့်ပြီးသည့် နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်အုပ်စုက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အသက်သွင်းကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်လို့ဆိုပါတယ်။

ထို့အပြင် ဧရာဝတီတိုင်း၊ ပုသိမ်တက္ကသိုလ်၀န်းအတွင်း တက္ကသိုလ်၊ ကောလိပ်နှင့် နည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများကို တက္ကသိုလ်အရန်တပ်ခွဲအဖြစ် တစ်လကြာ အခြေခံစစ်သင်တန်း ပေးနေကြောင်း သိရပြီး စစ်ကောင်စီခန့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်က လိုအပ်လျှင် စစ်မှုထမ်းရမည်ဟု အဆိုပါစစ်သင်တန်း၌ ပြောဆိုခဲ့ကြောင်း AAPPကဖော်ပြပါတယ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *