ပြည်သူတွေဂရုစိုက်ကြဗျို့ ခဝေးဆွဲနေဘီ

Breaking News- တောင်ဒဂုံမြိုနယ်မှ လူငယ် ၁၇ ဦးကို ယမန်နေ့ ညနေပိုင်း စစ်မှုထမ်းရမည်ဟုဆိုကာ တပ်၊ ရဲနှင့် ထွေအုပ် စုပေါင်း အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား၊ လူငယ် ၁၇ ဦး တပ်သားသစ်စုဆောင်းရေးသို့ ရောက်ရှိဖေဖော်ဝါရီ ၁၃ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှ လူငယ် ၁၇ ဦးကို ယမန်နေ့ ညနေပိုင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမည်ဆိုကာ စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သော စုပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရန်ကုန်တိုင်းစစ်ဘက်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။ ယမန်နေ့ ညနေ ၅ နာရီ တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန် ၁ အတွင်းရှိ အဆောင်တချို့မှ အသက် ၁၈ နှစ်ပြည့်ပြီးသော လူငယ် ၁၇ ဦးကို စစ်တပ်၊ ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးတို့ပါဝင်သော စုပေါင်းအဖွဲ့က လာရောက် ဖမ်းဆီးခေါ်ဆောင်ကြောင်း၊ ယင်းသို့ ခေါ်ဆောင်ရာတွင် အသက် ၁၈ နှစ်ပြည့်ပြီး လူငယ် ၁၇ ဦးကို မှတ်ပုံတင်များစစ်ဆေးကာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရ မည်ဖြစ်ကြောင်း၊ ဥပဒေအတည်ပြုပြီးဖြစ်၍ မဖြစ်မနေ လိုက်ပါရမည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ အဆိုပါ လူငယ် ၁၇ ဦးသည် နယ်ဒေသများမှဖြစ်ပြီး ရန်ကုန်၊ တောင်ဒဂုံစက်မှုဇုန် ၁ တွင် အလုပ်လုပ်ကြသည့် အလုပ်သမားများဖြစ်ကြောင်း သိရှိရသည်။ “အုပ်ကြီးက နာမည်စာရင်းကြိုတောင်းတယ်။ ခေါ်ဆောင်သွားခံရတဲ့ လူငယ်တွေက အလုပ်သမားတွေပါ။ အုပ်ကြီးဆီကနေ စာရင်းနဲ့ ရထားပြီးသား။ အဲဒါ မှတ်ပုံတင်နဲ့ နာမည်စာရင်း တိုက်ဆိုင်စစ်ဆေးပြီး ခေါ်ဆောင်သွားတာဖြစ်ပါတယ်။ သွားခေါ်တဲ့ အချိန်မှာ အုပ်ကြီး၊ ရဲ၊ တပ် အကုန်ပါတယ်။ သူတို့ကိုလည်း စစ်မှုထမ်းရမယ်ဆိုတာ တရားဝင်ပြောပြီးမှ ခေါ်သွားတာပါ။ ရိုက်နှက်တာမရှိပါဘူး။ စစ်ကားနဲ့ခေါ်သွားပါတယ်” ဟု ရန်ကုန်တိုင်းစစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ဓာတ်ပုံ- ရန်ကုန်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)Photo- AFP ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *