တ-ပ်ထဲတောင်မဝင်လိုက်ရဘူးကွာ

ကျောက်ဆည်တွင် စစ်မှုထမ်းဥပဒေထောက်ခံပွဲမှ ပြန်လာသည့် အုပ်ကြီးနှင့် ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရ၊ ပျူခေါင်းဆောင် သေဆုံးအင်ကြင်း/People’s Springမန္တလေးတိုင်း၊ကျောက်ဆည်မြို့နယ်တွင် ပြုလုပ်သော စစ်မှုထမ်းဥပဒေထောက်ခံပွဲမှ ပြန်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးခေါင်းဆောင်တို့ ပစ်ခတ်ခံရပြီး ပျူခေါင်းဆောင်သေဆုံးသွားကြောင်း သတင်းရရှိသည်။ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ ရက်)က ကျောက်ဆည်မြို့ပေါ်၌ ပြုလုပ်ခဲ့သော စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲမှ ပြန်လာသည့် ရွာပုလဲကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူး သန်း​ဌေးနှင့် တစ်ရွာတည်းနေ ပျူစောထီးခေါင်းဆောင် ဝင်းကိုတို့ ၂ ဦးသည် နေ့လယ် ၂ နာရီခန့်တွင် ရွာပုလဲကျေးရွာအဝင်၌ ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။ပစ်ခတ်ခံရမှုကြောင့် အသက်(၅၃)နှစ်အရွယ် ပျူစောထီးခေါင်းဆောင် ဝင်းကိုမှာ ဦးခေါင်းနောက်စေ့၊တင်ပါးနှင့် တံကောက်ကွေးတို့တွင် ၃ ချက်ထိမှန်ပြီး သေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူးမှာမူ လွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။”အုပ်ဖိုရွာပျူခေါင်းဆောင်ဝင်းကိုနဲ့ အုပ်ချူပ်ရေးမှူး ကိုဌေးတို့ကို ကျောက်ဆည်မြို့ရှောင်လမ်း စစ်ထောက်ခံပွဲမှ ပြန်အလာမှာ စောင့်ကြိုရှင်းလင်းသုတ်သင်လိုက်တာပါ။ ပျူခေါင်းဆောင်ဝင်းကို နေရာတင်သေပြီး အုပ်ကြီး ကိုဌေး ဗိုက်မှန်ပြီး ပြည်သူကြားထဲ ပြေးထွက်သွားတယ်။”ဟု စစ်ဆင်ရေးတွင်ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ဆည်၏ ရဲဘော်တစ်ဦးက ပြောသည်။ပစ်ခတ်ခံရသူနှစ်ဦးသည် စစ်မှုထမ်းဥပဒေအသက်မသွင်းမီကတည်းက ကျောက်ဆည်မြို့နယ်အတွင်း စစ်ကောင်စီအတွက် ပြည်သူ့စစ်ခေါ်ပျူသင်တန်းသားများ ရရှိရေး တက်ကြွစွာ ဆောင်ရွက်ပေးနေသူများဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ဆည်၏ တာဝန်ရှိသူက ပြောသည်။”သူတို့က စစ်သင်တန်းအတွက် မဲနှိုက်ဖို့ဦးဆောင်ပါတယ်။ စည်းရုံးရေးဆင်းပေးပါတယ်။ကျွန်တော်တို့မှာ ရန်သူနဲ့ပြည်သူနှစ်မျိုးပဲရှိပါတယ်။ ပြည်သူ့ဘက်နေမလား အာဏာရှင်အတွက်စစ်မှုထမ်းမလား ပြတ်သားဖို့လိုပြီ။ မိမိတို့ရဲ့ ဆုံးဖြတ်ချက်ကသာလျှင် မိမိတို့ကံကြမ္မာဖြစ်တယ်။ ကျွန်တော်တို့ကတော့ ရန်သူကိုရန်သူလို ဆက်ဆံမှာပဲ။”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။စစ်ကောင်စီက ကျောက်ဆည်ခရိုင်အတွင်း၌ တစ်ရွာလျှင် ၁၀ ဦးနှုန်းဖြင့် စစ်သင်တန်းတက်ရောက်ရန် အဓမ္မဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။သင်တန်းတက်ရောက်နေသူများနှင့် သင်တန်းတက်ရောက်ရန်ဖိအားပေးနေသူများအား ထိထိရောက်ရောက်အရေးယူသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ဆည်က ဖေဖော်ဝါရီလ ၁၁ ရက်တွင် သတိပေးခဲ့သည်။ယမန်နေ့က ကျောက်ဆည်မြို့အပြင်၊ မန္တလေး၊ ပြင်ဦးလွင်၊ မိတ္ထီလာအစရှိသည့် မြို့နယ်များ၌ စစ်မှုထမ်းဥပဒေထောက်ခံပွဲများအား လူဦးရေရာဂဏန်းစီဖြင့် နှာခေါင်းစည်းများတပ်ကာ ပြုလုပ်ခဲ့သည်။(ယမန်နေ့ကပြုလုပ်ခဲ့သော စစ်မှုထမ်းဥပဒေထောက်ခံပွဲအား တွေ့ရစဥ်။ ဓာတ်ပုံ-စကစ)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *