ကရင်နီပြည် ရှားတောမြို့ကို တော်လှန်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်
တိုက်ပွဲအတွင်း စစ်သား ၄၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ
ဖေဖော်ဝါရီ ၁၄
ကရင်နီပြည်နယ် ရှားတောမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး ရှားတောမြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ရှားတောမြို့ကို ဇန်နဝါရီ ၁၅ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၇ နာရီခန့်က ရှားတောမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်ကျန်ဗျူဟာကုန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၄၀ ခန့်ကျော်သေဆုံးပြီး ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်သား ၂၉ ဦးအရှင်ဖမ်း မိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူထဲတွင် စစ်သားတွေရဲ့ မိသားစုဝင် အမျိုးသ မီးများ၊ ကလေးငယ်များလည်း ဖမ်းဆီးရရှိသူများထဲတွင် ပါဝင်တယ်လို့ သိရပါတယ်။
သိမ်းပိုက်ရရှိတဲ့ ဗျူဟာကုန်းစခန်းကနေ လက်နက်နဲ့ ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ တယ်လို့ သိရပါတယ်။