လနထောက်ပို့လေးတစ်ဖြတ် မွှင်းခါး၄ပွဲအပိုပါ

တမူးတွင် စစ်တပ်၏ လက်နက်ပို့ယာဥ်ကို တိုက်ခိုက် သိမ်းပိုက်ရရှိပြီး စစ်သားအလောင်း ၄ လောင်း၊ လက်နက် ၁၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ တမူးတွင် စစ်တပ် လက်နက်ပို့ယာဥ်ကို တိုက်ခိုက် သိမ်းပိုက်ရရှိပြီး စစ်သားအလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်း အများအပြား သိမ်း ဆည်းရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အောင်ဇေယျ စစ်စခန်းမှ ဆုတ်ခွာလာသည့် အကြမ်းဖက်စစ်တပ် အမှတ် ၈၉ ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့များထံသို့ ဟုမ္မလင်းမြို့ရှိ စစ်တပ် က စစ်ကူနှင့် လက်နက်ခဲယမ်းများ ပေးပို့သည့် လက်နက်ပို့ယာဥ်ကို အမှတ် ၁ စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက် သိမ်းပိုက်နိုင်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးဘက်မှ ထိခိုက်ဆုံးရှုံးမှု မရှိဘဲ စစ်တပ်ထံမှ အလောင်း ၄ လောင်း၊ ပစ္စတို ၂ လက်၊ စက်သေနတ် ၃ လက်၊ လက်နက်ငယ် ၇ လက်၊ RPG ဗုံးသီး ၁၂ လုံး၊ ၇ ဒသမ ၆၂ ကျည် ၄,၇၀၀ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၁၁,၉၀၀ တောင့်၊ ကာဘိုင်ကျည် ၉၈၀ တောင့်၊ သုံးမျိုးကျည် ၁၇၀ တောင့် သိမ်းဆည်း ရရှိကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *