၇ကောင်တေ ၅ကောင်မိ(ရုပ်သံ)

သရက်ကန်ကကင်းလှည့်ပျူတွေကို တိုက်ခိုက်ခဲ့ရာ ၂ယောက်သေ၊ အလောင်းလာကောက်တဲ့ပျူတွေထပ်မံတိုက်ခိုက်ခံရလို့ ၅ယောက်ထပ်သေ၊၅ယောက်အရှင်ဖမ်းမိခဲ့ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၄

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာက ပျူစောထီးတွေ ကင်းလှည့်နေတုန်PDFကဝင်ပစ်လို့ ၂ယောက်နေရာမှာပွဲချင်းပြီးသေ၊ အလောင်းလာကောက်တဲ့ပျူတွေကိုလည်း ထပ်မံတိုက်ခိုက်ခံရလို့ ၅ယောက်သေဆုံးခဲ့ပြီး ပျူစောထီး၅ယောက်လက်ရဖမ်းမိထားတယ်လို့ Earthquake People’s Defence Forceက သတင်းထုတ်ပြန်ထားပါတယ်။

မနေ့မနက် ၇နာရီအချိန်က သရက်ကန်ပျူစောထီးတွေ ကင်းလှည့်နေတုန်း ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၂ယောက်သေ ၅ယောက်အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး မနက် ၁၀နာရီခွဲမှာ သေဆုံးပျူအလောင်းတွေကို လာကောက်တဲ့ ပျူစောထီးတွေ ထပ်မံတိုက်ခိုက်ခံရကာ ၅ယောက်သေဆုံးသွားတယ်လို့သိရပါတယ်။

သရက်ကန်ပျူရွာက ပျူစောထီးတွေကိုတရက်ထဲ ၂ကြိမ်တိုက်ခိုက်ခဲ့ရာမှာ ပျူ၇ကောင်သေ၊ ၅ကောင်အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေထိခိုက်မှုမရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပူးတွဲစစ်ဆင်ရေး(၃)အဖြစ် Badassess Burma Force, TYK ပျောက်ကြားတပ်ဖွဲ့၊ မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း ၂၊ Pakokku People’s Defence Force ၊ Young Force UG ၊ မြိုင်ပကဖ တပ်ရင်း(၁) ခွဲ(၄)စင်္ကြာတပ်ဖွဲ့နဲ့ Earthquake People’s Defence Forceတို့ကတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *