ထီပေါက်တော့မယ်ဆို နိမိတ်ပြ လေ့ ရှိတဲ့ အိမ်မက်အချို့

အိပ်မက်ကို လူတိုင်းမြင်မက် ပါတယ်။ အိပ်တာ နဲ့ မက်တဲ့ အိပ်မက်မျိုးက သွေးလေချောက်ချားပြီး မက်တဲ့ အိပ်မက်၊ ရှေးယခင်က ခံစားဖူးတာ ကို အကြောင်းပြုပြီးမက်တဲ့ အိပ်မက်၊ နတ်ဆိုးနတ်ဝါးတွေ လှည့်စားလို့မက်တဲ့ အိပ်မက်ဆိုးရယ် ဟူရယ် အိပ်မက် သုံးမျိုးရှိပါတ

ယ်။ မိမိတို့ အိပ်မက်၏ကောင်းကျိုး ဆိုးကျိုးကို ကြိုတင်၍ သတိ မထားသည့် အတွက်အကျိုး ခံစားသင့်သော အရာများ လွဲချော်သွားသည်လည်း ရှိပါတယ်။ ဒါကြောင့် အဘဆရာကြီး မင်းသိင်္ခပြောကြားခဲ့တဲ့ ထီပေါက်စေ တဲ့ နိမိတ်ပြ အိမ်မက်အချို့ကို ဗေဒင်ချစ်ပရိသတ်ကြီး သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ

နွားကိုစီး၍ မြို့ရွာသို့ လှည့်လည်ရသည်ဟု မြင်မက်သော်လည်းကောင်း၊ လူစည်ကားသောအရပ်တွင် မိမိက နွားကိုစီး၍ လူအပေါင်းတို့နှင့် လှည့်လည်ရသည်ဟု မြင်မက်သော်လည်းကောင်း၊ နွားကိုစီး၍ ထင်ရှားကျော်စော သည်ကိုမြင်မက်ခဲ့သော် အိပ်မက်သည် ထီပေါက်

တတ်သော အိပ်မက်ဖြစ်သည်။ နေ၊ လ ၊ကြယ်တို့ကို မိမိ ကိုယ်တိုင် ဆွတ်၍ လက်အတွင်း သို့ ရောက်သည်ဟု မြင်မက် သည်ဖြစ်စေ၊

တ်ဖြူစင်ကြယ်နှင့် ပုဂ္ဂိုလ်တစ်ဦးဦးက ဆွတ်၍ပေးသည်ဟု မြင်မက်သည်ဖြစ်စေ၊ နေ၊ လ ၊ကြယ် နက္ခတ်တို့ သည် ကြွေ၍ မိမိ အိမ်သို့ ကျရောက် သည်ဟု မြင်မက်သည့် အိပ်မက်တွေကလည်းထီပေါက်စေတဲ့ အိမ်မက်တွေလို့လည်း ယူဆနိုင်ပါတယ်။ မြွေပွေး၊ မြွေဟောက်

စသော တိရစ္ဆာန် များသည် တစ်ခုသော တောင်ပို့ တွင်ဖြစ်စေ၊ ကုန်မြေပေါ်တွင်ဖြစ်စေ တည်ရှိနေ၍ ၎င်းမြွေများကို ကိုယ်တိုင်နှိမ်နင်း၍အတွင်းရှိပစ္စည်းများကို သုံးဆောင် ခံစားရသည်ဟု မြင်မက်ခဲ့သော် ထိုအိပ်မက်သည် ထီပေါက်မည့် အိပ်မက် ဖြစ်သည်။ ဖော်ပြပါ

ထီပေါက်စေတဲ့ အိပ်မက်တွေ ကတော့ လူတိုင်း မြင်မက်ခြင်းတော့

မတူညီနိုင်ပါဘူး ထီပေါက်ခြင်း ဆိုတာကလည်း ရှေ့ကပြုခဲ့တဲ့ ကုသိုလ်ကံအကြောင်းတရားတွေ ကြောင့်လည်း ထီဆုကြီးတွေ ဆုတ်ခူးနိုင် တာပါ။ ပရိသတ်ကြီးလည်း ကံတရားဆိုတာ ဆန်းကြယ်တဲ့ အတွက်

ရှေ့ကမိမိပြုခဲ့တဲ့ ကုသိုလ်ကံစေတနာ အကျိုးကြောင့် လက်ရှိဘဝမှာ ကံကောင်းထောက်မ လို့ ထီပေါက်စေတဲ့ အိပ်မက်တွေ မက်ခဲ့ ရင်လည်း ထီထိုးဖို့ မမေ့ပါနဲ့ ခင်ဗျာ။

ခရက်ဒစ် ဆရာ မင်းသိင်္ခဗေဒင်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *