အကြွေး များနေသူများအကြွေး အမြန်ဆပ်နိုင်အောင် ယတြာလေးပါ … ။
စီးပွားရေး လုပ်သလောက် အဆင်မပြေ၊ ကျိုးစားသလောက် အရာမထင်သူများလဲ လုပ်နိုင်ပါတယ်…. ။
လုပ်နည်းလေးက မခက်ခဲတာကြောင့် ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် … ။
သင်၏ အသက်ကို (၄)ဖြင့် မြှောက်ပါ … ။ ရသော အရေအတွက်ကို မုန့်လုံးရေပေါ် လုပ်ပါ … ။
အထဲမှ မုန့်လုံး ရေပေါ်(၁၀)လုံးကို နံနက်(၁၀)နာရီ တိတိတွင် အိမ်၏ ဘုရားတွင်လှူပါ … ။ သင်၏ အသက်ကို (၇)ဖြင့်စားပါ … ။
၁ ကြွင်းလျှင် … တနင်္ဂနွေနေ့တွင် ပြုလုပ်ပါ။
၂ ကြွင်းလျှင် … တနင်္လာနေ့တွင် ပြုလုပ်ပါ။
၃ ကြွင်းလျှင် … အင်္ဂါနေ့တွင် ပြုလုပ်ပါ။
၄ ကြွင်းလျှင် … ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ပါ။
၅ ကြွင်းလျှင် … ကြာသပတေးနေ့တွင် ပြုလုပ်ပါ။
၆ ကြွင်းလျှင် … သောကြာတွင် ပြုလုပ်ပါ။
အကြွင်းမရှိဘဲပြတ်သွားလျှင် … စနေနေ့တွင် ပြုလုပ်ပါ။
(၁၀) လုံးတိတိကို မြတ်စွာဘုရားအား ကပ်လှူပြီးလျှင် ပိုသောမုန်လုံးများကို အိမ်နီးနားချင်းများ အားဝေလိုက်ပါ … ။
ဤယတြာမှာ ကုန်းဘောင်ခေတ်တွင် အသုံးပြုခဲ့သော ရှေးယတြာဖြစ်ပါသည် … ။
ပြောပြသူ(ဆရာကြီး- မင်းသိင်္ခ)