နောက်ထပ်ပျူရွာတစ်ရွာ ဆော်ခံရ(ရုပ်သံ)

ရွာသာရွာပျူစခန်းကို တိုက်ခိုက်သိမ်းပိုက် ပျူစောထီး ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ရ (ရုပ်/သံ)

ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာရွာ ပျူစောထီးစခန်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ပျူစောထီး ၇ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့တယ်လို့ ဗိုလ်မိကျောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်သား ၁၀ ဦးနဲ့ ပျူစောထီး ၃၀ ဦးဝန်းကျင်တပ်စွဲထားရာနေရာကို ဖေဖော်ဝါရီ ၁၃ ရက် နံနက်အစော ၁ နာရီကျော်ကနေ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မိကျောင်းက ပြောပါတယ်။

မနက်အစောကြီး ၁ နာရီကနေ နေ့လယ် ၁၀ နာရီခွဲအထိ ၁၀ နာရီနီးပါးအကြာတိုက်ခိုက်မှုအပြီးမှာတော့ စခန်းကိုအပြီးသတ်ချေမှုန်းနိုင်ခဲ့ပြီး သေဆုံးအလောင်းတွေကိုတော့ ထွက်ပြေးသွားတဲ့ ပျူစောထီးတွေကထမ်းသယ်သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ ၉ လုံးပြောင်းချော ၁ လက်၊ MA 2 ဘောက် ၁ ခု၊ အီနာဂါ ဗုံးသီး ၂ လုံး၊ စစ်ယူနီဖောင်းနဲ့ ဦးထုပ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကိုတော့ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် (၅) တပ်ပေါင်းစု 96 soldiers-PDFအညာဒေသတပ်ခွဲ၊ တိုက်နယ်(၂) တပ်ပေါင်းစု တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ရွာသာရွာ ပျူစောထီးစခန်းကို ကာကွယ်ရေးအဖွဲ့‌တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်သားနဲ့ ပျူစောထီး‌တွေ ပလိုင်းအထိုင်စခန်းကို ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

.

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *