ကံကောင်းတဲ့ခဝေးများ မို-င်းကွင်းတည့်တည့်ထင်းခွဲ(ရုပ်သံ)

ကပ်ကျော်ဘုန်းကြီးကျောင်းထဲ တပ်ပြန်စွဲတဲ့စစ်သားတွေ အသင့်ထောင်ထားတဲ့မိုင်းကွင်းပေါ်ထင်းခွဲနေတုန်း ဖော်ခွဲတိုက်ခိုက်ခဲ့လို့ အထိနာ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၄

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ်၈ရပ်ကွက်မှာရှိတဲ့ ကပ်ကျော်ကျောင်းတိုက်ထဲကို တပ်လာပြန်စွဲတဲ့ စစ်သားတွေ အသင့်ထာင်ထားတဲ့ မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုပကဖဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ရက်မွန်းလွဲ ၁၂နာရီ၅၀မိနစ်ခန့်ကကပ်ကျော်ဘုန်းကြီး ကျောင်းဝန်းအတွင်း အင်အား ၃၀ ခန့်နဲ့ ဝင်ရောက်တပ်စွဲနေတဲ့ အကြမ်းဖက်စစ်သားတွေထဲကစစ်သားအချို့ မိုင်းကွင်းတည့်တည့်ပေါ်မှာထင်းခွဲနေတုန်း မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ပြီး ဘယ်နှယောက်ထိခိုက်တယ်ဆိုတာတော့ မသိရသေးဘူးလို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့တယ်လို့သိရပါတယ်။

.

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *