နံနံခြားပြေးမရတော့ဘယ်ကိုပြေးကြလဲ

KNU တပ်မဟာ ၅ နယ်မြေတွင် KNU ၏ ပိတ်ဆို့မှု ခံထားရသည့် စစ်ကောင်စီတပ်စခန်း ၂ ခု မှ စစ်သားများ စွန့်ခွာ ထွက်ပြေးရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် KNU ၏ ဝိုင်း ဝန်း ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီတပ်စခန်း ၂ ခုကို စစ်သားများက စွန့်ခွာထွက်ပြေးသွားကြောင်း KNU မူတြော် သတင်းစဉ်က ထုတ်ပြန်သည်။ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ နံနက် ၆ နာရီအချိန် လယ်ကလေးကျိုးရှိ စစ်ကောင်စီ၏ ခမရ ၃၄၉ မှ တပ်သားသည် ၎င်းတို့၏ တပ်စခန်းကို စွန့်ခွာကာ ကျူလူတွင် တပ်စွဲထားသည့် တပ်ဖွဲ့များထံသို့ လည်းကောာင်း၊ ဖေဖေါ်ဝါရီလ ၁၁ ရက် နေ့နံနက် ၆ နာရီအချိန်တွင် ကျူလူစခန်းအား တဖန် ထပ်မံ စွန့်ခွာကာ အတွင်းပိုင်းကျသည့် မော်ဖူးဗျူဟာစခန်းသို့လည်းကောင်း ပြန်လည်ပူးပေါင်းသွားကြောင်း သိရ သည်။အကြမ်းဖက်စစ်ကောင်စီ၏ လယ်ကလေးကျိုးစခန်းသည် ၁၉၉၇ ခုနှစ်တွင် လာရောက် အခြေချ တပ်စွဲခဲ့ကြောင်း၊ ကျူလူစခန်းမှာကို ၂၀၀၇ ခုနှစ်တွင် လာရောက် အခြေချတပ်စွဲထား သည့်စခန်း များဖြစ်ပြီး ဝိုင်းဝန်းပိတ်ဆို့ခံထားရမှုကြောင့် အချိန်တိုကာလတစ်ရက်ခြားအတွင်းတွင်ပင် စခန်းများ ရုပ်သိမ်း စွန့်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။လက်ရှိအနေအထားတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ပူးပေါင်းသွားသည့် မော်ဖူး စခန်း ကိုလည်း KNLA-အမှတ် ၅ တပ်မဟာစစ်သည်တော်များနှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ အပြင်းအထန် ဝိုင်းဝန်း တိုက်ခိုက်ပိတ်ဆို့လျက်ရှိကြောင်း သိရသည်။KNLA-အမှတ် ၅ တပ်မဟာစစ်သည်တော်များနှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့သည် မူတြော်ခရိုင်၊ အ မှတ် ၅ တပ်မဟာထိန်းချုပ်နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းတပ်စခန်းများကို အချိန် ကြာမြင့်စွာ နေ့စဉ်ဝိုင်းဝန်းတိုက်ခိုက်ပိတ်ဆို့ရာ၌ ၎င်းတို့၏ စစ်ကြောင်းထိုးရာလမ်းများ၊ စား နပ် ရိက္ခာပို့ဆောင်ရာလမ်းများနှင့် သောက်သုံးရေဆင်းခတ်ရာလမ်းကြောင်းများကို မြေပြင် ခြေလျင် ဖြင့် အသုံးပြုခြင်းမရနိုင်သည်အထိ ပိတ်ဆို့ထားပြီး စစ်တပ်က ရဟတ်ယာဉ်ဖြင့်သာ ခဲယမ်း ရိက္ခာများကို ထောက်ပို့ပေးရကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *