ကုန်ဘီ ကုန်ဘီ အဘရေ့ အကောင်ကြီးတွေပဲကြိတ်ထားတာ

ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း စကခ ၉ လက်အောက်ခံ နည်းဗျူဟာ ၃ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ညီညီဝင်းနှင့် ဗိုလ်မှူးချုပ် ဇော်မင်း ထွန်း တို့ကို အရှင်ဖမ်းမိ၊ ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့် ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး တို့သေဆုံးပြီး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ပျောက်ဆုံးနေ

ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ စကခ ၉ လက်အောက်ခံ နည်းဗျူဟာ ၃ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ညီညီ ဝင်း နှင့်ဗိုလ်မှူးချုပ် ဇော်မင်းထွန်း တို့ကို အရှင်ဖမ်းမိခဲ့ပြီး ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့်ဒု-ဗိုလ်မှူး ကြီး ဗညားပိုင်စိုးတို့မှာ တိုက်ပွဲတွင်း သေဆုံးသွားကာ ဗိုလ်မှူးချုပ် ဇင်မျိုးဆွေမှာ ပျောက်ဆုံးနေကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့က ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ ၃ မှ ဗျူဟာမှူး ဖြစ်သည့် ဒုဗိုလ်မှူးကြီး ညီညီဝင်းကို ဦးခေါင်းနှင့် ရင်ဘတ်၌ ဒဏ်ရာရရှိထားကာ သေ လု မျောပါး ဖြစ်နေချိန်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရခိုင့်တပ်တော် ဆေးတပ်ဖွဲ့ဝင်များ မှ ဆေးဝါးကုသမှု ပေးခဲ့ ထားခြင်းဖြစ်ပြီး ယခုအချိန် အသက်ဘေးမှ လွတ်မြောက်ပြီဖြစ်ကြောင်း သိရသည်။

ထိုအပြင် ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ အနီး ရေကြောင်းတိုက်ပွဲအတွင်းမှ အသက်လုထွက်ပြေးသွားသော စကခ ၉ တပ်မမှူး အသက် ၅၁ နှစ်အရွယ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အရှင်လက်ရဖမ်းမိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့က မြောက်ဦးမြို့ ခမရ ၃၇၇ တပ်ရင်းမှ တပ်မ ၁၁ တပ်မမှူး – ဗိုလ်မှူးကြီး မင်းမင်းထွန်းကိုလည်းကို လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း ပလက်ဝ မြို့ နယ် တိုက်ပွဲအတွင်း၌ အကြမ်းဖက် စစ်ကောင်စီ၏ နှုးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး ကို သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ပလက်ဝဒေသအခြေစိုက် အခြားသော ရှေ့တန်းဌာနချုပ်တစ်ခုဖြစ်သော စကစ ၁၉ ၊ ရှေ့တန်း ဌာ နချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ အနေဖြင့်မူ ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက် ပြေးလွတ်မြောက် သွားသည်ကိုကား လက်ရှိအချိန်တွင် အတည်ပြု၍ မရနိုင်သေးကြောင်း ရခိုင့် တပ်တော် – AA က ထုတ်ပြန်ထားသည်။

ရခိုင့်တပ်တော်အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ဒဏ်ရာရ စစ်သုံပန်းများ၊ စစ်ဘက်၊ ရဲဘက်နှင့် ၎င်းတို့၏ မိသားစုဝင်များကို ဆေးဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များမှ အကောင်းဆုံး ကယ်တင်ထားခဲ့ပြီး ဖြစ်ကြောင်း အသိပေးထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *