ရေကူးပြေးတဲ့ ခဝေးမှူးကြီးကို ‌ေ-တမှာစိုးလို့ကယ်ပေးရတဲ့ ရုပ်သံ

စစ်သင်္ဘောမှ ရေကူးထွက်ပြေးသည့် ကျောက်တော် စကခ ၉ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း အပါအဝင် စစ်သည်များကို AA က ရေထဲမှ ကူညီကယ်ဆယ်ခဲ့ (ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်တိုက်ပွဲများတွင် စစ်သင်္ဘောမှ ရေကူးထွက်ပြေးသည့် ကျောက်တော် စကခ ၉ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း အပါအဝင် စစ်သည်များကို AA က ကူညီကယ်ဆယ်ခဲ့ကြောင်း AA နှင့်နီးစပ်သော သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်သင်္ဘောမှ ရေကူးလာသော တပ်မိသားစုဝင်များ၊ စစ်သည်များကို AA က ကယ်ဆယ်ခြင်းမရှိဘဲ သတ်ဖြတ်သည်ဟု စစ်လော်ဘီများက ပြောဆိုနေသော်လည်း လက်တွေ့တွင် စကခ ၉ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း အပါအဝင် စစ်သည်များကို ရေထဲမှ AA စစ်သည်များက ကယ်ဆယ်ခဲ့ကြောင်း သိရှိရသည်။

“စစ်သင်္ဘောကနေ ရေကူးဆင်းပြေးတဲ့ ကျောက်တော် စကခ ၉ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ရေထဲကနေ ကယ်ဆယ်ပြီးမှ အရှင်မိတာပါ။ စစ်လော်ဘီနဲ့စစ်တပ်က ဝါဒဖြန့်နေကြသလို စစ်သင်္ဘောက ရေကူး ဆင်းပြေးလာသူ မှန်သမျကို AA က

သတ်တ်ပစ်ခြင်းမရှိပါဘူး။ နေဗီက ဆင်းပြေးတဲ့ စစ်ကောင်စီ တပ်သားများကို AA ရဲဘော်တွေက အသက်စွန့်ကယ်တင်ခဲ့ပါတယ်” ဟု AA သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ စကခ ၉ လက်အောက်ခံ နည်းဗျူဟာ ၃ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ညီညီ ဝင်းကို အရှင်ဖမ်းမိခဲ့ပြီး ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့်ဒု-ဗိုလ်မှူး ကြီး ဗညားပိုင်စိုးတို့မှာ တိုက်ပွဲတွင်း သေဆုံးသွားခဲ့ကြောင်း၊ ပလက်၀မှ ဗိုလ်မှူးချုပ် ဇင်မျိုးဆွေမှာ ပျောက်ဆုံးနေကြောင်း ရခိုင့်တပ်တော် – AA က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ ၃ မှ ဗျူဟာမှူး ဖြစ်သည့် ဒုဗိုလ်မှူးကြီး ညီညီဝင်းကို ဦးခေါင်းနှင့် ရင်ဘတ်၌ ဒဏ်ရာရရှိထားကာ သေ လု မျောပါး ဖြစ်နေချိန်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရခိုင့်တပ်တော် ဆေးတပ်ဖွဲ့ဝင်များ မှ ဆေးဝါးကုသမှု ပေးခဲ့ ထားခြင်းဖြစ်ပြီး ယခုအချိန် အသက်ဘေးမှ လွတ်မြောက်ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ အနီး ရေကြောင်းတိုက်ပွဲအတွင်းမှ အသက်လုထွက်ပြေးသွားသော စကခ ၉ တပ်မမှူး အသက် ၅၁ နှစ်အရွယ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အရှင်လက်ရဖမ်းမိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့က မြောက်ဦးမြို့ ခမရ ၃၇၇ တပ်ရင်းမှ တပ်မ ၁၁ တပ်မမှူး – ဗိုလ်မှူးကြီး မင်းမင်းထွန်းကိုလည်းကို လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း ပလက်ဝ မြို့ နယ် တိုက်ပွဲအတွင်း၌ အကြမ်းဖက် စစ်ကောင်စီ၏ နှုးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး ကို သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ပလက်ဝဒေသအခြေစိုက် အခြားသော ရှေ့တန်းဌာနချုပ်တစ်ခုဖြစ်သော စကစ ၁၉ ၊ ရှေ့တန်း ဌာ နချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ အနေဖြင့်မူ ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက် ပြေးလွတ်မြောက် သွားသည်ကိုကား လက်ရှိအချိန်တွင် အတည်ပြု၍ မရနိုင်သေးကြောင်း ရခိုင့် တပ်တော် – AA က ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *