AAတို့တော့အောင်ပွဲ တွေပဲဆက်နေတယ်

မောင်တောဗောဓိကုန်းနယ်ခြားစောင့်စခန်းကို AA ဝင်တိုက်၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ဖေဖော်ဝါရီလ ၁၅ ရက်ရခိုင်ပြည်အနောက်ဖက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်း ဗောဓိကုန်းနယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် (AA)က ဝင်တိုက်၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။ ယနေ့ ဖေဖော်ဝါရီ ၁၅ ရက် နံနက်အစောပိုင်းကစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် နေ့လယ် ၁၂နာရီအထိ တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု မောင်တောမြို့နယ်မှ ကျောင်းထိုင်ဆရာတော်တစ်ပါးက နိရဥ္စရာသတင်းဌာနကို မိန့်ကြားသည်။“ ဦးဇင်းတို့ဒီမနက်အစောကြီးကတည်းက လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံတွေကြားနေရတယ်။ ကိုယ့်တပ်တော်ဘက်က ဗောဓိကုန်းစခန်းကို ဝင်တိုက်နေတယ်လို့သိရတယ်။ အခု ၁၂ နာရီအထိ ပြင်းထန်နေတယ်။ လက်နက်ကြီး အကြီးအကျယ်ပစ်နေကြတယ် ” ဟုပြောသည်။ယင်းအပြင် စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေသည်ဟု နောက်ထပ် မောင်တောမြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။“မနက် ၁၀နာရီကနေ ဂျက်တိုက်နဲ့ ၂ ကြိမ်ရှိပြီ ဗုံးလာကြဲတာ။ မြို့ကနေတောင် အကြီးအကျယ်ကြားနေရတယ်” ဟုပြောသည်။မောင်တော-အငူမော်လမ်းမှာ တည်ရှိသည့် ဗောဓိကုန်းနယ်ခြားစောင့်စခန်းသည် ကင်းချောင်း၊ ရွှေရင်အေးနှင့် ခရေမြိုင်စသည့်နယ်ခြားစောင့်စခန်းများပေါင်းစုထားသည့်စခန်းဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့ကတစ်ကြိမ် ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့ပြီး စခန်းမှာ မီးလောင်သွားခဲ့ကြောင်းသိရသည်။တိုက်ပွဲကြောင့် ဒေသခံများ စိုးရိမ်နေကြသည်ဟု သိရသည်။(ဓာတ်ပုံ- ပုံဟောင်းသာ)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *