ခဝေးတွေက အသက် တွေဘာတွေမကြည့်ဘူးနော်

သထုံမှာ စစ်ကောင်စီစစ်ကြောင်း ဒေသခံတွေကို လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ဖေဖော်ဝါရီလ ၁၅ ရက်ကရင်အမျိုးသားအစည်းအရုံး KNU သထုံမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံအရပ်သားပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။စစ်ကောင်စီ စကခ – ၈ လက်အောက်ခံ အမှတ်(၄၀၉) ခြေမြန်တပ်ရင်း စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော် ဝါရီ ၁၁ ရက်နေ့က ဝီယော်စခန်းကနေ ထုံးဘိုကြီးကျေးရွာထဲ ဝင်ရောက်လာစဉ် ဒေသခံရွာ သား ၃ ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာပါ။လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသူတွေဟာ ထိုးဘိုလေးကျေးရွာနေ အသက် ၆၃ နှစ်အရွယ် ဦးအောင်ဆန်း၊ ထုံးဘိုကြီးကျေးရွာနေ အသက် ၅၀ အရွယ် စောမောင်ပေနဲ့ အသက် ၄၀ အရွယ် စောဖိုးသက်တို့ဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။KUN သထုံမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ၊ PDF ပူးပေါင်းတပ်တို့ကြား အဲဒီနေ့ တစ်ရက်တည်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦး သေဆုံးခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ၄ ရက်အတွင်း စစ်ကောင်စီအခြေစိုက်တပ် ရင်းတွေကနေ နေ့တိုင်းနီးပါး လက်နက်ကြီး ပစ်ခတ်မှုကြောင့် KNU သထုံမြို့နယ် ရွှေရောင်ပြ၊ဒေါက်ရပ်နဲ့ ဆူးအင်းကျေးရွာတို့မှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံတွေပိုင်ဆိုင်တဲ့ ဥယျာဉ်ခြံတွေ ထိခိုက်ပျက်စီးခဲ့တာပါ။အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း KNU ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *