မြိုင်နဲ့ ပခုက္ကူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ စစ်ဆေးရေးဂိတ်တွေကို ဒရုန်းနဲ့ အီနာဂါဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)
++++++++++++++++++++
ဖေဖော်ဝါရီ ၁၆ ရက် ၂၀၂၄
မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ စစ်ဆေး ရေးဂိတ်တွေကို ဒရုန်းနဲ့ အီနာဂါဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖမှ သတင်းထုတ် ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်က မြိုင်မြို့နယ် သံပုရာခြံရွာနဲ့ ကျောင်းကုန်းရွာသို့ ရောက်ရှိနေတဲ့ အကြမ်း ဖက်စစ်တပ်စစ်ကြောင်းကို နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ Fixed wing ဒရုန်းတွေအသုံးပြု ပြီး အီနာဂါဗုံးသီး ၁၅ လုံး N.Ysoပြောက်ကျားတပ်ဖွဲ၊ DMG (ဓားမင်းကြီး)၊ အညာမြေပြောက်ကျားနဲ့ ဆင်ရိုင်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်က ပခုက္ကူမြို့နယ် ကန်တော်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁၀ လုံး N.Ysoပြောက်ကျားတပ်ဖွဲ့၊ DMG (ဓားမင်း ကြီး)နဲ့ Black cobra အဖွဲ့တွေက ကြဲချလို့ သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၁၄ ရက်က ပခုက္ကူမြို့နယ် ညောင်ပင်လှရွာအနီး စစ်ဆေးရေးဂိတ်ကို ပြု လုပ်ပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ Fixed wing ဒရုန်းတွေအသုံးပြုပြီး အီနာဂါဗုံးသီး ၁၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကို N.Ysoပြောက်ကျားတပ်ဖွဲ့၊ Black Cobra/Pakokku Thurian၊ ကမ္မတပ်ပေါင်းစုနဲ့ DMG(ဓားမင်းကြီးတပ်ဖွဲ့) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။