ဝေဟင်ကချက်တဲ့မွှင်းခါး၁၁ပွဲ(ရုပ်သံ)

သံတောင်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်အထိုင်စခန်းတွေကို ၁၂ ရက်ကြာ ဒရုန်းနဲ့ စစ်ဆင်ရေးဆောင်ရွက်မှု စစ်သား ၁၁ ဉီးသေဆုံး (ရုပ်/သံ)

+++++++++++++++++++++++

ဖေဖော်ဝါရီ ၁၆ ရက် ၂၀၂၄

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သောက်ရေခပ်နဲ့ ယာဒိုရွာတွင်ရှိတဲ့ စစ်ကောင်စီတပ် အထိုင်စခန်းတွေကို ၁၂ ရက်ကြာ ဒရုန်းနဲ့ စစ်ဆင်ရေးဆောင်ရွက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် ဒုရင်းမှူး ၁ ဉီး ထိခိုက်ဒဏ်ရာရရှိပြီး စစ်သား ၁၁ ဉီးသေဆုံးသွားတယ်လို့ ဓနု ဒရုန်းတပ်မှ သိရပါတယ်။

သံတောင်ကြီးမြို့နယ် သောက်ရေခပ်နဲ့ ယာဒိုရွာတွင်ရှိတဲ့ စစ်ကောင်စီတပ်အထိုင်စခန်းတွေကို ဖေဖော်ဝါရီ ၂ ရက်မှ ၁၃ အတွင်း ဒရုန်းနဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်တိုက်ခိုက်ခဲ့ရာ သောက် ရေခပ်ရွာတွင်ရှိတဲ့ အထိုင်စခန်းမှ အကြမ်းဖက်စစ်တပ် ဒုရင်းမှူး ၁ ဉီး ထိခိုက်ဒဏ်ရာရရှိသွားပြီး စစ်သား ၁၁ ဉီးသေဆုံးသွားတယ်လို့ သိရပါတယ်။ ယာဒိုရွာရှိ စစ်ကောင်စီစခန်းမှာ လက်နက် တိုက်အဆောက်အအုံမီးလောင်ပျက်စီးသွားပြီး မီးငြိမ်းသတ်နေတဲ့ စစ်သားတွေကို ဒရုန်းနဲ့ တိုက် ခိုက်ခဲ့ရာ ထိခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။

အဆိုပါစစ်ဆင်ရေးကို ဓနု ဒရုန်းတပ်-DANU Drone Force မှ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့နဲ့ ဖျက်မြင်းစစ်ကြောင်း Drone တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိ ရပတယ်။

ဓနု ဒရုန်းတပ်-DANU Drone Force အဖွဲ့က Cherry Land Project ပြုလုပ်ထားတဲ့ တော်လှန် ပြည်သူတွေအနေနဲ့ ဝင်ရောက်အားဖြည့်ပေးကြဖို့ အသိပေးထားပါတယ်။

ဓနု ဒရုန်းတပ်-DANU Drone Force အဖွဲ့ –

Be the first to comment

Leave a Reply

Your email address will not be published.


*