ရခိုင်တိုက်ပွဲကြောင့် စစ်သင်္ဘောနစ်မြုပ်မှုတွင် သေဆုံးသွားသော စစ်ဆေးဆရာဝန် ဗိုလ်ကြီးအောင်ဖြိုးဦး နာရေးဖိတ်စာ ရာထူးတာဝန်မထည့်သည့်အပြင် အလောင်းပြန်မရသည်ကို သုဿာန်တွင် သဂြိုလ်ပြီးစီးဟု လိမ်ညာထည့်သွင်းရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရခိုင်တိုက်ပွဲများကြောင့် စစ်သင်္ဘောနစ်မြုပ်မှုတွင် သေဆုံးသွားသည့် စစ်တပ် စစ်ဆေးဆရာဝန် ဗိုလ်ကြီးအောင်ဖြိုးဦး၏ နာရေးဖိတ်စာတွင် ရာထူးတာဝန်မထည့်သည့်အပြင် အလောင်းပြန်မရသည်ကို သုဿာန်ပို့ဆောင်မီးသဂြိုလ်ပြီး သည်ဟု လိမ်ညာထည့်သွင်း၍ နာရေးတရားနာ ဖိတ်ကြား ကြောင်း သိရှိရသည်။ စစ်ဆေးဆရာဝန် ဗိုလ်ကြီး အောင်ဖြိုးဦးသည် မွန်ပြည် နယ်၊ ဘီးလင်းမြို့မှ ဖြစ်ပြီး ရခိုင်တွင် တာဝန်ကျခဲ့ကြောင်း၊ ယင်းနောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မင်းပြားမြို့နယ်၊ ပုလဲပေါက် ကျေးရွာအနီး စစ်သင်္ဘော တိုက်ခိုက်ခံခဲ့ရကြောင်း၊ယင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ထိုသို့ သေဆုံးသွားမှုတွင် အလောင်းပြန်မရသော်လည်း မိသားစုက နာရေးဖိတ်စာတွင် အလောင်းပြန်ရသည့်ပုံစံ၊ သုဿာန်သို့ ပို့ဆောင်မီးသဂြိုလ်ပြီးသည့် လိမ်ညာရေးသားထည့်သွင်းထားသည့်အပြင် စစ်ဆေး ဆရာဝန် ဗိုလ်ကြီးဖြစ်သည်ကိုပါ လုံး၀ ထည့်သွင်းခြင်းမရှိကြောင်း သိရှိရသည်။ “စစ်တပ်က သေဆုံးပြီဆိုတာ ဒီအတိုင်းအကြောင်းကြားတာ။ အဲဒါကို နာရေး အမျှဝေလို့ရအောင် မိသားစုက လုပ်လို့ရအောင်လုပ်လိုက်ပုံရတယ်။ ရာထူးထည့်မရေးရဲဘူး ။ ဘီးလင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို စစ်တပ်က ပစ်သတ်လိုက်တုန်းက စစ်တပ်က နာရေးမလုပ်ဖို့လာပြောသလို ဆွမ်းကျွေးတောင်ပေးမလုပ်လို့ ကျန်ရစ်သူတွေက ဆွမ်းခိုးကပ်ခဲ့ရတာ။ အခုတော့ သူတို့တွေ ဝဋ်ပြန်လည်နေပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ဘီးလင်းမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို ၂၀၂၂ ခုနှစ် ဇွန်လအတွင်း စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
Posted inNews