ဆင်ဘိုမြို့သာယာနေဆဲပဲ

ဆင်ဘိုမြို့ကို KIA ဆက်လက်ထိန်းချုပ်ထားဆန်အောင်/People’s Springကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ်ထားဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ဧရာ၀တီမြစ်ကမ်းဘေးရှိ ဆင်ဘိုမြို့ကို ဖေဖော်ဝါရီ ၁၀ရက် နံနက်တွင် KIAနှင့် PDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး မြို့နှင့် မိုင်အနည်းငယ်အကွာရှိ စစ်ကောင်စီ၏ ခလရ(၁၄၁) တပ်ရင်းကို ဆက်လက် တိုက်ခိုက်ခဲ့သည်။ဆင်ဘိုတိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ခလရ(၁၄၁)တပ်ရင်းကို သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲငြိမ်သက်သွားသည်။”မြို့ကို ထိန်းထားဆဲ။ တိုက်ပွဲဖြစ်တာ မရှိဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ယခုရက်ပိုင်းအတွင်း ပြောကြားထားသည်။ယနေ့ နံနက်တွင် ကချင်သတင်းရင်းမြစ်အချို့က ဆင်ဘိုရှိ စစ်ကောင်စီတပ်စခန်းကို KIA/PDF ပူးပေါင်းတပ်က ဆက်လက်တိုက်ခိုက်နေကြောင်း လူမှုကွန်ရက်တွင် ရေးသားသည်။ဆင်ဘိုမြို့ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနှင့် စစ်ရေးသတင်းရင်းမြစ် အချို့ကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*