ချစ်လိုက်ကြတာနော် နာရေးလိုက်ပို့သူတောင်မရှိဘူး

ကံမနယ်ကစစ်တပ်အတွက်လူစုပေးနေတဲ့အုပ်ကြီးနဲ့ သေနတ်ကိုင်ပျူခေါင်းဆောင်ပစ်ခတ်ခံရပြီးသေဖေဖော်ဝါရီ ၁၇ ရက်မကွေးတိုင်း၊ ကံမမြို့နယ်၊ ငမဲရွာစကစခန့်အုပ်ကြီးနဲ့ ကျော်မဲရွာကပျူစောထီးခေါင်းဆောင်ဆိုသူတို့အား ဒေသတော်လှန်ရေးတပ်ဖွဲက ပစ်ခတ်ရှင်းလင်းလိုက်ပြီလို့ နယ်ခံတွေက ပြောပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ရက်နေ့က စစ်သားစုဆောင်းဖို့တပည့်၅ဦးနဲ့တိုင်ပင်နေတဲ့ ငမဲရွာအုပ်ကြီး အေးဇော်နဲ့အဖွဲ့ကို ည၉နာရီခွဲလောက်က PDFတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပစ်ခတ်သွားလို့ပွဲချင်းပြီးသေဆုံးခဲ့တာလို့ပြောပါတယ်။”ငမဲရွာက အုပ်ကြီးဖြစ်သူ ဦးအေးဇော် အသက် ၅၀ ၀န်းကျင် နဲ့အတူ သူ့လူတွေအပါ ၅ ယောက် အိမ်ထဲမှာ စစ်သားစုဆောင်းရေးကိစ္စ ဆွေးနွေးနေချိန်မှာ PDF က၀င်ပစ်သွားတာ။ နေအိမ်ထဲ၀င်ပြီး ဗိုက်မှာကျည်အချက်ရေ ၇ တောင့် တွေ့တယ်။ တခြားသူတွေကတော့ထွက်ပြေးလွတ်မြောက်သွားတယ်။သူက ငမဲရွာ အနီ(NLD)ကင်းစင်ရေး အနီမှန်သမျှအကုန်ဖမ်းခိုင်းခဲ့တာ။ တချို့ဆို ထွက်ပြေးရတယ် နေအိမ်တွေစွန့်ပြီး။ အရင်အုပ်ကြီးဟောင်းမိသာစု၀င်တွေအကုန် ပြေးရတယ် တော်တော်ဆိုးတယ်။ဒိီနှစ်သူ့လယ်က စပါးထွက်လို့ အလှူလုပ်မယ်တောင်ကြားတာ။သူသေတာ့ ရွာသားတွေလိုက်ပို့တယ်။ ငမဲရွာသားတွေ ဆွေမျိုးတောင့်တယ်။ မနက် ၁၁ နာရီ ၁၁ မိနစ်မှာသဂြိုလ်တယ်”လို့ဒေသခံတဦးကပြောပါတယ်။အလားတူ ကျောက်မဲရွာက ပျူခေါင်း​ဆောင် ကြက်ကြော် စစ်ထွက်ပင်စင်စား သေနတ်ကိုင်ထားသူကိုလည်း ဝင်ရောက်ပစ်ခတ်ခဲ့လို့ သေဆုံးသွားသေးတယ်လို့ဒေသခံတွေကပြောပါတယ်။”သူကတော့ ကျောက်မဲအုပ်ကြီးကတောင်သူ့ကြောက်ရတယ်။ သူက ပင်ကတိုင်းရွာသား စစ်တပ်ကထွက်တာ ပင်စင်စား တပ်ကသူ့ကို သေနတ်နဲ့လက်ပစ်ဗုံးပေးထားတယ်။သူက မကြေနပ်လို့ ထိုး ရင်တောင် ငြိမ်ခံရတာ။ အဲ့နားကရွာတွေ မှာညဆိုရင် ၇ နာရီထိုးတာနဲ့ရွာတံခါးပိတ်တယ်။ အပြင်ရောက်နေတဲ့သူ ၀င်လို့မရဘူး၊ သူကပစ်မယ်တကဲကဲနဲ့။သံသရရှိရင်သူရွာသားကို အိမ်ရှေ့ဒူးထောက်ခိုင်းထားတာ တရွာလုံးကကြောက်ရတယ် အစိမ်းရွာ(ကြံ့ဖွံ့)ဆိုပေမယ့် အစိမ်းတွေကကိုကြောက်ရတာ ။မနေ့ညကတော့ အကင်ခံလိုက်ရတယ်။ ပြောကြတာကတော့ ရွာအပြင်မှာကို ပစ်နေကြတာတဲ့ အပြန်အလှန်။ ရွာထဲ၀င်လာပီး အိမ်ထဲပြေးတာ အိမ်ထဲထိလိုက်ပစ်တာတဲ့ ကြက်ကြော်သေရော”လို့ဒေသခံတဦးကပြောပါတယ်။သေဆုံးသွားတဲ့ ပျူကြက်ကြော်ကို ဖေဖော်ဝါရီ ၁၆ရက်နေ့မနက် ၈နာရီ၄၅မိနစ်ခန့်က ကံမဆေးရုံကိုသယ်ဆောင်သွားပြီး မွန်းလွဲတနာရီခွဲမှာ သဂြိုလ်ဖို့ သင်္ချိုင်းကိုအသွားမှာ နာရေးပို့မည့်သူတယောက်မှမရှိခဲ့ဘူးလို့သိရပါတယ်။အဲ့ဒီတိုက်ပွဲတွေကို တိုက်ခိုက်ခဲ့တဲ့အဖွဲ့တွေရဲ့အမည်ကိုတော့ ဒေသခံတွေကမသိခဲ့သလို သက်ဆိုင်ရာဘက်ကလည်း ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *