⚽မ တွေကသူတို့သားသမီးကျတော့အဘ⚽ပိ မှာကြောက်ကြတယ်

စစ်မှုထမ်းဟောင်းများနှင့် Non-CDM ဝန်ထမ်းများ စစ်မှု မထမ်းလိုကြဘဲ ဆယ်ကျော်သက်အရွယ် သားသမီးများကို ပြည်ပသို့ ပို့ဆောင်နေ၊ အရေးပေါ်ကာလဖြစ်၍ ဝန်ထမ်းများ သက်တမ်း ၅ နှစ် စစ်မှုထမ်းရမည်ဖေဖော်ဝါရီ ၁၇ အကြမ်းဖက်စစ်ကောင်စီက လာမည့်ဧပြီလကုန် သင်္ကြန်ပိတ်ရက်များအပြီး စစ်မှုထမ်းဟောင်းများနှင့် Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းရန်အတွက် ခေါ်ယူရန်ရှိနေရာ ဝန်ထမ်းများနှင့် စစ်မှု ထမ်းဟောင်းများက စစ်တပ်ထဲ ဝင်ရန် ဆန္ဒမရှိကြကြောင်း နေပြည်တော်ဝန်အသိုင်းအဝိုင်းနှင့် ရန်ကုန်ရှိ စစ်မှုထမ်း ဟောင်းတချို့က ပြောဆိုသည်။ စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ Non-CDM ဝန်ထမ်းများအနက်မှ စစ်မှုထမ်းရန် အကျုံးဝင်သည့် စာရင်းကို ရက်ပိုင်းအတွင်း အပြီး ကောက်ခံခိုင်းထားရာ ဝန်ထမ်းများအားလုံး စစ်မှုထမ်းရမည်ကို စိုးရိမ်နေကြကြောင်း နေပြည်တော်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးက ပြောဆိုသည်။ “တကယ်တော့ ဝန်ထမ်းတွေဆိုတာက ဗဟိုဝန်ထမ်းတက္ကသိုလ်တက်ထားပြီးသား။ အဲဒီမှာလည်း စစ်သင်တန်းတက်ထားပြီးသားပါ။ အခု စစ်မှု ထပ်ထမ်းခိုင်းတာက ဒါကြီး လက်ခံနိုင်စရာမရှိဘူး။ စစ်မှုထမ်းရမှာက အရေးပေါ်ကာလ ၅ နှစ် ထမ်းရမယ်လို့ DG (ညွှန်ကြားရေးမှူးချုပ်) က ပြောတယ်။ ဝန်ထမ်းတွေ အကုန်လုံး စာရင်းကောက်တော့ ပွတ်လော ရိုက်ကုန်တယ်” ဟု အဆိုပါ ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။ လာမည့် ဧပြီလ သင်္ကြန်ပိတ်ရက်များအပြီး စစ်မှုထမ်း ဆင့်ခေါ်မှုများရှိလာချိန်တွင် ဝန်ထမ်းများ မပျက်မကွက်သွားရောက်ရန်နှင့် ခွင့်ယူ၍ ထွက်ပြေးမှုများ မရှိစေရန်လည်း စစ်ကောင်စီက ဌာနဆိုင်ရာများကို စည်းကမ်းတင်းကျပ်မှုများ လုပ်ဆောင်လာရန် ရှိနေကြောင်း သိရှိရသည်။ အလားတူ စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို သက်တမ်း ၅ နှစ် ထပ်မံ စစ်မှုထမ်းရမည့် ဥပဒေကို ပြဋ္ဌာန်းလိုက်ရာ စစ်မှုထမ်းဟောင်းအများစုမှာလည်း စစ်တပ်ထဲသို့ ပြန်လည် မဝင်လိုကြဟု သိရှိရသည်။ “စစ်တပ်မှာ ၁၀ နှစ် တာဝန်ထမ်းဆောင်ပြီးရင် ထွက်ခွင့်ရှိသလိုလို လက်မှတ်ထိုးခဲ့ပြီး ဝင်ခဲ့ရတာ နှစ်ပေါင်း ၂၅ နှစ်ကြာသွားတယ်။ အငြိမ်းစားယူတာ သိမ်ကြာသေးတော့ ထပ်ပြီးတော့ စစ်ထဲ ပြန်မဝင်ချင်တော့ဘူး။ နိုင်ငံရေးတွေ ဘာတွေကြောင့် မဟုတ်ဘူး။ ဘ၀တစ်လျှောက်လုံး ပင်ပန်းခဲ့တာ။ တပ်ကြပ်ကြီးဘ၀နဲ့ ထွက်ခဲ့တာပါ။ စစ်ထဲ ပြန်မဝင်ချင်တော့ဘူး” ဟု အငြိမ်းစား တပ်ကြပ်ကြီးတစ်ဦးက ရှင်းပြသည်။ စစ်မှုထမ်းဟောင်းများ၊ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ စစ်မှုထမ်းများနှင့် Non-CDM ဝန်ထမ်းများအနက်မှ ဆယ်ကျော်သက်အရွယ် သားသမီးရှိသော မိဘများက ၎င်းတို့၏ သားသမီးများကို စစ်မှုထမ်းခိုင်းမည်ကို စိုးရိမ်၍ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ စေလွှတ်နေကြကြောင်း၊ အထူးသဖြင့် ထိုင်းနိုင်ငံသို့ စေလွှတ်မှုများပြား နေကြောင်း သိရှိရသည်။ “GE တပ်ရဲ့ အင်ဂျင်နီယာ တပ်ကြပ်ကြီးက သမီးနဲ့သား ၂ ဦး ထိုင်းဘက်ကို Private University တက်ဖို့ဆိုပြီး လွှတ်တယ်။ နှစ်ဦးစလုံးက ဒီမှာ တက္ကသိုလ်တက်နေတာ။ စစ်မှုထမ်းထဲပါမှာစိုးလို့ အဖေဖြစ်သူကနေ ထိုင်းဘက်ကို ချက်ချင်းလွှတ်တာ။ နိုင်ငံကူးလက်မှတ်ရဖို့လည်း ငွေပေးပြီး ချက်ချင်း ရိုက်ထုတ်တယ်။ Tourist Visa နဲ့သွားပြီး ထိုင်းဘက်မှာ ကျောင်းပြန်လျှောက်ဖို့ လုပ်မယ်လို့ သိရတယ်။ GE တပ်က တပ်ကြပ်ကြီးတွေက ငွေပေါတယ်။ ငွေတတ်နိုင်တော့ သားသမီးကို စစ်ထဲ မပါအောင် အတင်းလွှတ်တာ” ဟု ရန်ကုန်အခြေစိုက် စစ်အင်ဂျင်နီယာတပ်ရင်းတစ်ခုမှ သတင်းရင်းမြစ်က ပြောဆိုသည်။ နေပြည်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်​မြောင်းဝန်ကြီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူးတစ်ဦးကလည်း အသက် ၁၉ နှစ်အရွယ် သားဖြစ်သူကို ဒူဘိုင်းရှိ ဟိုတယ်လုပ်ငန်းတွင် အလုပ်ရသည် ဟုဆိုကာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြည်ပသို့ အမြန်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။ “နိုင်ငံကူးလက်မှတ် In Hand ရှိထားပြီးသားမို့ထင်တယ်။ စစ်မှုထမ်း ဥပဒေထွက်တော့ ချက်ချင်း သူ့ သားကို ဟိုတယ်မှာ အလုပ်ရတယ်ဆိုပြီး လွှတ်တာ။ တစ်ဦးတည်းသော သားမို့ စစ်တပ်ထဲ မထည့်ချင်လို့ ပို့တယ်ပြောရမှာပဲ” ဟု နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းက ဆိုသည်။စစ်ကောင်စီက မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှုထမ်းရန် အကျုံးဝင်သော အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်းရှိကြောင်း တရားဝင် ထုတ်ပြန်ပြောဆိုထားသည်။ ဓာတ်ပုံ- ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၇၅ နှစ်မြောက် ပြည်ထောင် စုနေ့ တွင် မင်းအောင်လှိုင်ကို ချီတက်အလေးပြုနေကြသည့် နေပြည်တော်ဝန်ထမ်းများ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *