လောင်းလုံးပျူမွှင်းခါး(ရုပ်သံ)

လောင်းလုံးမြို့နယ်၊ ရဲချောင်းလမ်းဆုံဂိတ်ကို လာရောက်သည့် ပျူစောထီးဆိုသူ ပစ်ခတ်ခံရ (ရုပ်/သံ)

++++++++++++++++++++++

ဖေဖော်ဝါရီ၊ ၁၈၊ ၂၀၂၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ရဲချောင်းလမ်းဆုံဂိတ်ကို လာရောက်စဉ် ပျူစောထီး ဆိုသူကို ပစ်ခတ်ရှင်းလင်းခံရပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ လောင်းလုံ PDF က အသိပေး ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ၄ နာရီ ဝန်းခန့်တွင် လောင်းလုံး (ပကဖ) ရဲဘော်များက ကျောက်နီ မော်ရွာရှိ ရဲချောင်းလမ်းဆုံ၌ မိုင်းကွင်းချ စောင့် ဆိုင်းနေချိန် အဆိုပါပျူစောထီးဆိုသူနှင့် ဆုံမိပြီး ဖမ်းဆီးစဉ် ပြန်လည်ခုခံရာကနေ ပစ်ခတ်ခဲ့ရခြင်းဖြစ်ပါတယ်။

အဆိုပါပျူစောထီး ဆိုသူထံမှ လက်လုပ်သေနတ်နှင့် ကျည်ဆံ အချို့ သိမ်းဆည်းရရှိမိခဲ့ပါတယ်။

မိနစ်ပိုင်း အနည်းအကြာတွင် ရဲချောင်းလမ်းဆုံ အနီးသို့ အကြမ်းဖက်စစ်သာနဲ့၊ ပျူများ လိုက်ပါလာသည့် ကား ၁ စီးရောက်ရှိလာပြီး အဆိုပါ ကားကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး အပြန်အလှန်ထိတွေ့ တိုက်ပွဲလည်း မိနစ်အနည်းငယ် ဖြစ်ပွားခဲ့ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *