စ-စ်တပ်ဆိုတာပြည်သူတွေကိုဒုက္ခပေးဖို့သက်သက်ဖွဲ့စည်းထားတဲ့အဖွဲ့

ရန်ကုန်မှ ကျောက်ဖြူသို့ လေယာဉ်ခရီးစဉ်ဖြင့် ရောက်ရှိလာသော ခရီးသည်များအားလုံးကို စစ်တပ်က ခေါ်ယူစစ် ဆေးပြီး မြို့ခံမ ဟုတ်သူများ ပြန်လည် ထွက်ခွာရန်၊ မြို့ခံများ သန်းခေါင်စာရင်းပြ၍ လာရောက်ခေါ်ဆောင်ရန် စစ်တပ်က ခိုင်းစေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ပြည်တွင်း လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာသော ခရီးသည်များအားလုံးကို စစ်တပ်က ခေါ်ယူစစ်ဆေးပြီး မြို့ခံမဟုတ်သူများ ပြန်လည် ထွက်ခွာရန်၊ မြို့ခံခရီးသည်များကို မိသားစုက သန်းခေါင်စာရင်းပြ၍ လာရောက်ခေါ်ဆောင်ရန် စစ်တပ်က ခိုင်းစေထားကြောင်း မြို့နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်း ရန်ကုန်မြို့မှ ကျောက်ဖြူမြို့သို့ ပြည်တွင်းလေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာသော ခရီးသည်များကို စစ်တပ်က ရမ္မာ၀တီမြို့တော်ခန်းမသို့ ခေါ်ဆောင်သွားကြောင်း၊ မြို့တော်ခန်းမတွင် စစ်တပ်က ခရီးသည်များကို စစ်ဆေးမှုများလုပ်ဆောင်ပြီးနောက် နယ်ခံမဟုတ်သော ခရီးသည်များကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် လေယာဉ်လက်မှတ် ဝယ်ယူ၍ ရန်ကုန်သို့ ပြန်လည်ထွက်ခွာရန် ၊ နယ်ခံ ခရီးသည်များအတွက်မူ ကျောက်ဖြူမှ မိသားစုက သန်းခေါင်စာရင်းပြ၍ လာရောက်ခေါ်ယူရန် စစ်တပ်ကခိုင်းစေခဲ့ကြောင်း သိရှိရသည်။

“မနေ့ ညနေပိုင်း ရန်ကုန်ကနေ ကျောက်ဖြူလာတဲ့ ပြည်တွင်းလေကြောင်း လေယာဉ် ပေါ်ပါ ခရီးသည်တွေအကုန် လုံးကို ရမ္မာဝတီ မြို့တော်ခန်းမကို စစ်တပ်က ခေါ်သွားတယ်။ မနေ့ ညနေ ၄နာရီလောက်ကနေ ခရီးသည်တိုင်းကို စစ် ဆေးပါတယ်။ အခြားမြို့နယ်တွေကလာတဲ့ ခရီးသည်တွေကို ရန်ကုန်ပြန်လွှတ်မယ်။ လေယာဉ် လက်မှတ် ပြန်ဖြတ်ရမယ်လို့ ပြောပါတယ်။ ကျောက်ဖြူ ဒေသခံ ခရီးသည်တွေဆိုရင်တော့ မိသားစုတွေက အိမ်ထောင်စုစာရင်းနဲ့ လာခေါ်ခိုင်းတယ်။ ရန်ကုန်ပြန်ရမယ့် ခရီးသည်တွေကတော့ ဒီနေ့ ပြန်ရမယ်” ဟု အဆိုပါဖြစ်စဉ်ကို သေချာစွာ သိရှိထားသူ ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ရှင်းပြသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစတင်၍ ရခိုင်ပြည်နယ် ကျောက်ဖြူမှ ရန်ကုန်သို့ လေကြောင်းဖြင့်လာရောက်မည့် ခရီးသည်များအနေနှင့် စီးနင်းခွင့်လက်မှတ်များကို ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးသို့ တင်ပြတောင်းခံရမည်ဖြစ်ပြီး ကျန်းမာရေး မကောင်းသူများ၊ ကျောင်းသူ ကျောင်းသားများနှင့် ခွင့်ပြုချက်ရရှိထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုသာ ရန်ကုန်မြို့သို့ လေကြောင်းဖြင့် ထွက်ခွာ ခွင့်ပြုမည်ဟု စစ်ကောင်စီက အမိန့် ထုတ်ပြန်ခဲ့ ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကျောက်ဖြူလေဆိပ်နှင့် ပြည်တွင်းလေကြောင်းခရီးစဉ်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

ရန္ကုန္မွ ေက်ာက္ျဖဴသို႔ ေလယာဥ္ခရီးစဥ္ျဖင့္ ေရာက္ရွိလာေသာ ခရီးသည္မ်ားအားလုံးကို စစ္တပ္က ေခၚယူစစ္ ေဆးၿပီး ၿမိဳ႕ခံမ ဟုတ္သူမ်ား ျပန္လည္ ထြက္ခြာရန္၊ ၿမိဳ႕ခံမ်ား သန္းေခါင္စာရင္းျပ၍ လာေရာက္ေခၚေဆာင္ရန္ စစ္တပ္က ခိုင္းေစ
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၉
ရန္ကုန္ၿမိဳ႕မွ ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕သို႔ ျပည္တြင္း ေလေၾကာင္းခရီးစဥ္ျဖင့္ ေရာက္ရွိလာေသာ ခရီးသည္မ်ားအားလုံးကို စစ္တပ္က ေခၚယူစစ္ေဆးၿပီး ၿမိဳ႕ခံမဟုတ္သူမ်ား ျပန္လည္ ထြက္ခြာရန္၊ ၿမိဳ႕ခံခရီးသည္မ်ားကို မိသားစုက သန္းေခါင္စာရင္းျပ၍ လာေရာက္ေခၚေဆာင္ရန္ စစ္တပ္က ခိုင္းေစထားေၾကာင္း ၿမိဳ႕ေနျပည္သူမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔ ညေနပိုင္း ရန္ကုန္ၿမိဳ႕မွ ေက်ာက္ျဖဴၿမိဳ႕သို႔ ျပည္တြင္းေလေၾကာင္းခရီးစဥ္ျဖင့္ ေရာက္ရွိလာေသာ ခရီးသည္မ်ားကို စစ္တပ္က ရမၼာ၀တီၿမိဳ႕ေတာ္ခန္းမသို႔ ေခၚေဆာင္သြားေၾကာင္း၊ ၿမိဳ႕ေတာ္ခန္းမတြင္ စစ္တပ္က ခရီးသည္မ်ားကို စစ္ေဆးမႈမ်ားလုပ္ေဆာင္ၿပီးေနာက္ နယ္ခံမဟုတ္ေသာ ခရီးသည္မ်ားကို ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔တြင္ ေလယာဥ္လက္မွတ္ ဝယ္ယူ၍ ရန္ကုန္သို႔ ျပန္လည္ထြက္ခြာရန္ ၊ နယ္ခံ ခရီးသည္မ်ားအတြက္မူ ေက်ာက္ျဖဴမွ မိသားစုက သန္းေခါင္စာရင္းျပ၍ လာေရာက္ေခၚယူရန္ စစ္တပ္ကခိုင္းေစခဲ့ေၾကာင္း သိရွိရသည္။
“မေန႔ ညေနပိုင္း ရန္ကုန္ကေန ေက်ာက္ျဖဴလာတဲ့ ျပည္တြင္းေလေၾကာင္း ေလယာဥ္ ေပၚပါ ခရီးသည္ေတြအကုန္ လုံးကို ရမၼာဝတီ ၿမိဳ႕ေတာ္ခန္းမကို စစ္တပ္က ေခၚသြားတယ္။ မေန႔ ညေန ၄နာရီေလာက္ကေန ခရီးသည္တိုင္းကို စစ္ ေဆးပါတယ္။ အျခားၿမိဳ႕နယ္ေတြကလာတဲ့ ခရီးသည္ေတြကို ရန္ကုန္ျပန္လႊတ္မယ္။ ေလယာဥ္ လက္မွတ္ ျပန္ျဖတ္ရမယ္လို႔ ေျပာပါတယ္။ ေက်ာက္ျဖဴ ေဒသခံ ခရီးသည္ေတြဆိုရင္ေတာ့ မိသားစုေတြက အိမ္ေထာင္စုစာရင္းနဲ႔ လာေခၚခိုင္းတယ္။ ရန္ကုန္ျပန္ရမယ့္ ခရီးသည္ေတြကေတာ့ ဒီေန႔ ျပန္ရမယ္” ဟု အဆိုပါျဖစ္စဥ္ကို ေသခ်ာစြာ သိရွိထားသူ ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္က ရွင္းျပသည္။
ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔မွစတင္၍ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴမွ ရန္ကုန္သို႔ ေလေၾကာင္းျဖင့္လာေရာက္မည့္ ခရီးသည္မ်ားအေနႏွင့္ စီးနင္းခြင့္လက္မွတ္မ်ားကို ေက်ာက္ျဖဴခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးသို႔ တင္ျပေတာင္းခံရမည္ျဖစ္ၿပီး က်န္းမာေရး မေကာင္းသူမ်ား၊ ေက်ာင္းသူ ေက်ာင္းသားမ်ားႏွင့္ ခြင့္ျပဳခ်က္ရရွိထားသည့္ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားကိုသာ ရန္ကုန္ၿမိဳ႕သို႔ ေလေၾကာင္းျဖင့္ ထြက္ခြာ ခြင့္ျပဳမည္ဟု စစ္ေကာင္စီက အမိန႔္ ထုတ္ျပန္ခဲ့ ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ေက်ာက္ျဖဴေလဆိပ္ႏွင့္ ျပည္တြင္းေလေၾကာင္းခရီးစဥ္တစ္ခု။ (ပုံအေဟာင္းျဖစ္ပါသည္။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *