ရို့ရို့ နောက်ထပ်တစ်ကောင်ပို့လိုက်ပြန်ဘီ

ပေါင်းတည်တွင် တော်လှန်ရေးတပ်ဖွဲ့များ သတင်းများစုံစမ်းပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-၃၆၀၁ PPDF တပ်ရင်း မှ ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ညောင်နီပင်အုပ် စု၊ ညောင်နီပင်ရွာတွင် နေထိုင်သော စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ စိုးသိန်းကို ပြည်ခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်မတော်- ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၁ က ညောင်နီပင်ရွာ အနောက်ဘက်နွားစားကျက်တွင် သေနတ် ၃ ချက်ဖြင့်ပစ်ခတ်ရှင်းလင်းရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ စိုးသိန်းသည် ဆိုးသွမ်းသူတစ်ဦးဖြစ်ပြီး သစ်ပုတ်ရွာအကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းမှ ညောင်နီပင်သို့ထွက်သော စစ်တပ်စစ်ကြောင်းအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏သတင်း အချက်အလက်များကိုလိုက်လံစုံစမ်းထောက်လှမ်းသတင်းပေးပို့နေသူဖြစ်ကြောင်း၊ တော်လှန်ရေး ထောက်ပို့ရဲဘော်များကို ဖမ်းဆီးပေးနိုင်ရန် အမြဲကြံဆောင်သူ၊ တော်လှန်ရေးတပ်များ၏ ရိက္ခာလမ်းကြောင်းကိုဖြတ်တောက်ပိတ် ဆို့ရန် ကြိုးစားနေသူဖြစ်ကြောင်း သိရှိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးအရှိန်မြှင့်တင်လာသည်နှင့်အမျှ အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင် အုပ်ချုပ်ရေးမှူးများ၊ ပျူစော ထီးအဖွဲ့ဝင်များ၊ အလုပ်လုပ်ပေးနေသူများကို ပြတ်ပြတ်သားသားအရေးယူဆောင် ရွက်နေပြီဖြစ်၍ စစ်ကောင်စီဘက်တော်သားများအနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံပြီးပြည်သူနှင့်အတူအမြန်ဆုံးပူးပေါင်းရန် ပြည်ခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်-၃၆၀၁ PPDF က တိုက်တွန်းထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *