ကျပုကောင်က စီလုတ်ကြီးဘောထမ်းရင်း ပိုပိုပုလာ

စစ်ခေါင်းဆောင်က တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးများကို အထူးကျေးဇူးတင်ကြောင်းပြောဆို

ဖေဖော်ဝါရီလ ၁၉

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးများကို ကျေးဇူးတင်ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။

ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားရုံတွင် ပြုလုပ်သည့် ရွှေနဂါး တရုတ်နှစ်သစ်ကူးပွဲတော်သို့တက်ရောက်ပြီး မိန့်ခွန်းပြောစဥ် အဆိုပါစကားအား ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

” မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာစာမျက်နှာများတွင် မှန်ကန်သည့် လမ်းကြောင်းအတိုင်း ရပ်တည်ပေးနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်လူမျိုးတို့၏ မိတ်ကောင်း ဆွေမွန်ရှိမှုအတွက် အထူးကျေးဇူးတင်ရှိမိသည်”ဟု စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ဒါ့ပြင် တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်နိုင်ငံတွင် တရုတ်ပြည်သူများ စည်းလုံးညီညွတ်စိတ်အေးချမ်းသာစွာ ပျော်ရွှင်ကြည်နူးနေသည့် မြင်ကွင်းများ မြင်တွေ့ရသည့်အတွက် တရုတ်ပြည်သူများနှင့်အတူ ဝမ်းသားကြောင်းလည်းပြောဆိုခဲ့သည်။

တရုတ်နှင့် မြန်မာနိုင်ငံတို့ဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို အေးအတူ ပူအမျှ အသိုက်အဝန်းတစ်ခုအဖြစ် အတူယှဥ်တွဲနေသည့်အတွက် မြန်မာနိုင်ငံတွင်ဆောင်ရွက်နေသည့် တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်လည်း တရုတ်နိုင်ငံနှင့် တရုတ်လူမျိူး များအနေဖြင့် ဆက်လက်ကူညီပေးဖို့အတွက်လည်း ထည့်သွင်းတောင်းဆိုခဲ့သည်။

ဓာတ်ပုံ – တရုတ်နှစ်သစ်ကူးပွဲတော် တက်ရောက်လာသည့် စစ်ခေါင်းဆောင်နှင့် ဇနီးအားတွေ့ရစဥ်

စစ္ေခါင္းေဆာင္က တ႐ုတ္ႏိုင္ငံႏွင့္ တ႐ုတ္လူမ်ိဳးမ်ားကို အထူးေက်းဇူးတင္ေၾကာင္းေျပာဆို
ေဖေဖာ္ဝါရီလ ၁၉
အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တ႐ုတ္ႏိုင္ငံႏွင့္ တ႐ုတ္လူမ်ိဳးမ်ားကို ေက်းဇူးတင္ေၾကာင္း ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰအားကစား႐ုံတြင္ ျပဳလုပ္သည့္ ေ႐ႊနဂါး တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္သို႔တက္ေရာက္ၿပီး မိန္႔ခြန္းေျပာစဥ္ အဆိုပါစကားအား ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
” ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းေရးရာကိစၥရပ္မ်ားႏွင့္ပတ္သက္ၿပီး ႏိုင္ငံတကာစာမ်က္ႏွာမ်ားတြင္ မွန္ကန္သည့္ လမ္းေၾကာင္းအတိုင္း ရပ္တည္ေပးေနသည့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံႏွင့္ တ႐ုတ္လူမ်ိဳးတို႔၏ မိတ္ေကာင္း ေဆြမြန္ရွိမႈအတြက္ အထူးေက်းဇူးတင္ရွိမိသည္”ဟု စစ္ေခါင္းေဆာင္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ဒါ့ျပင္ တ႐ုတ္ႏွစ္သစ္ကူးကာလအတြင္း တ႐ုတ္ႏိုင္ငံတြင္ တ႐ုတ္ျပည္သူမ်ား စည္းလုံးညီၫြတ္စိတ္ေအးခ်မ္းသာစြာ ေပ်ာ္႐ႊင္ၾကည္ႏူးေနသည့္ ျမင္ကြင္းမ်ား ျမင္ေတြ႕ရသည့္အတြက္ တ႐ုတ္ျပည္သူမ်ားႏွင့္အတူ ဝမ္းသားေၾကာင္းလည္းေျပာဆိုခဲ့သည္။
တ႐ုတ္ႏွင့္ ျမန္မာႏိုင္ငံတို႔ဟာ ႏွစ္ႏိုင္ငံ ဆက္ဆံေရးကို ေအးအတူ ပူအမွ် အသိုက္အဝန္းတစ္ခုအျဖစ္ အတူယွဥ္တြဲေနသည့္အတြက္ ျမန္မာႏိုင္ငံတြင္ေဆာင္႐ြက္ေနသည့္ တည္ၿငိမ္းေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားတြင္လည္း တ႐ုတ္ႏိုင္ငံႏွင့္ တ႐ုတ္လူမ်ိဴး မ်ားအေနျဖင့္ ဆက္လက္ကူညီေပးဖို႔အတြက္လည္း ထည့္သြင္းေတာင္းဆိုခဲ့သည္။
ဓာတ္ပုံ – တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ တက္ေရာက္လာသည့္ စစ္ေခါင္းေဆာင္ႏွင့္ ဇနီးအားေတြ႕ရစဥ္

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *