အနီးကပ်ဖြုတ်တာ သနားလို့နော် ညှာလိုက်တာ

မုံရွာမြို့ပေါ်တွင် စစ်သား ၂ ဦးကို အနီးကပ် ပစ်ခတ် တိုက်ခိုက်မှု သေနတ် ၂ လက် သိမ်းဆည်းရရှိ ရန်ကုန်၊‌ ဖေဖော်ဝါရီ ၁၉ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် အကြမ်းဖက် စစ်သား ၂ ဦးကို အနီးကပ် ပစ်ခတ် တိုက်ခိုက်ပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့ – TLWDF တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ပေါ် တစ်နေရာ၌ စစ်ဆေးရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်သား ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး က အနီး ကပ် ပစ်ခတ် တိုက်ခိုက်ပြီး MA 3 သေနတ် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။“အတိုနဲ့ ကပ်ပစ်ခဲ့တာဗျ၊ နေရာမှာတင် လဲကျသွားတယ်၊ အသေပစ်မယ်ဆိုရင်တော့ ရတယ်၊ အရွယ် တွေက ၆၀ လောက်နီးပါးရှိတဲ့ တစ်ယောက်ရယ်၊ ၄၀ ၊ ၅၀ လောက်ရှိမယ် တစ်ယောက်က လက် မောင်းမှန်တယ်၊ တစ်ယောက်က ဗိုက်မှန်တယ်၊ အသက်ကြီးတဲ့သူတွေဖြစ်တာရယ် ရည်ရွယ်ချက် ကလည်း ရန်သူ့လက်နက်၊ ကိုယ်လက်နက်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် လက်နက်ပဲ ယူပြီး ထွက်လာခဲ့တာ အသေပစ်မယ်ဆိုရင်တော့ ရတယ်” ဟု သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့ – TLWDF တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။အဆိုပါ တိုက်ခိုက်မှုကို သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့ – TLWDF နှင့် Monywa M4 တပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် မုံရွာမြို့ပေါ်တွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စာရင်း ကောက်ခံနေမှုရှိကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *