နံနက်ခင်း မွှင်းခါးပူပူလေး ပွဲ၄၀စားကြပါအုန်း

မင်းလှမြို့နယ်တွင်း စစ်ကောင်စီစစ်ကြောင်း တစ်ရက်တည်း လေးကြိမ် မိုင်းဆွဲခံရပြီး ၄၀ ဦးခန့် သေဆုံးဟုဆို

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကြောင်းထိုးလာသော ခလရ(၁) နှင့် ကပစ ပူးပေါင်း စစ်ကောင်စီတပ်သားများကို ကာကွယ်ရေးတပ်ဖွဲ့များမှ တစ်ရက်တည်းတွင် လေးကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အများအပြား သေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပြောပြကြားချက်ရ သိရသည်။

ပဲခူးရိုးမအတွင်းရှိ မြိုချောင်း – စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါချဥ်တောင်ပေါ်သို့ တက်လာသည့် စစ်ကောင်စီတပ်သား (၄၀) ခန့်အား ဖေဖော်ဝါရီလ (၁၈) ရက်၊ နံနက် ၁၀ နာရီခန့်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) မှ ပထမအကြိမ် စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ထို့နောက် မိုင်းဆွဲတိုက်ခိုက်ခံရသည်ကို စစ်ကူလာလာသည့် အင်အား(၂၅) ဦးပါ ဖောကားအား ပဲခူးရိုးမအတွင်းရှိ ဟိုင်းယုလမ်းဆုံနှင့် ပျဥ်းကတိုးခင်းကြား၌ တော်လှန်ရေးရဲဘော်များမှ ၄၀ မမများဖြင့် ဒုတိယအကြိမ် စောင့်ကြိုပစ်ခတ်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများသည် မွန်းလွဲ ၃ နာရီခန့်တွင်လည်း ပဲခူးရိုးမအတွင်းရှိ ခါချဥ်တောင်ပေါ်သို ထပ်မံတက်လာသည့်အတွက် ပဲခူးရိုးမ ပက်ကွေ့ကြီးအဆင်း၌ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ရာ တတိယအကြိမ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ငါးဦးသဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် မွန်းလွဲ ၅နာရီခွဲခန့်တွင် ခါချဥ်တောင်ပေါ်သို့ ဟိုင်းယုလမ်းဆုံမှ တက်လာသည့် စစ်ကောင်စီတပ်သား (၃၅) ဦးခန့်ကို မင်းလှမြို့နယ် ရှောက်ပင်ချောင်းအနီး စတုတ္ထအကြိမ် စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သား (၁၀) ဦး သေဆုံးခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

“မသာဖြစ်လို့ လာကောက် ထပ်မသာဖြစ် မသာကို ထပ်လာကောက် ထပ်မသာဖြစ် လမ်းကတင်ဖြတ်ဆော် အလောင်းနားမရောက်ဘူး ကျွန်တော်တို့ ဆက်တိုက်ရင် သူတို့ကောက်ရမှာမဟုတ်ဘူး ပုပ်ဆော်နံမှာစိုးလို့ ရပ်လိုက်တာ” ဟု သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) မှ တာဝန်ရှိသူမှ CJ Platform သို့ ပြောသည်။

စစ်ကောင်စီတပ်သားများနှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) တို့ လေးကြိမ်တိတိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စုစုပေါင်း (၂) နာရီခွဲခန့် ကြာပြီး စစ်ကောင်စီဘက်မှ (၄၀) ဦးသေဆုံးကာ (၁၅) ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးအဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည် ဟု ၎င်းမှ ဆိုသည်။

တိုက်ခိုက်မှု လေးကြိမ်အတွင်း စစ်ကောင်စီတပ်သား ၄၀ဦးကျော် သေဆုံးခဲ့သည်ဟုဆိုသော အချက်အလက်များနှင့် ပတ်သက်၍မူ CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီလ (၁၁) ရက်နေ့ကလည်း သာယာဝတီခရိုင်၊ အုတ်ဖိုမြိုနယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မင်းလှဆည် ရှင်းလင်းဆောင်စခန်းနှင့် တာဝါတိုင်စခန်းတိုတွင် တပ်ဆွဲထားသည့် စစ်ကောင်စီတပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၁ ဧရာညီနောင်စစ်ကြောင်းတို့ ပူးပေါင်း၍ နှစ်ဖွဲခွဲ၍ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁၂) ဦးခန့် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့သည်။

ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ည (၇) နာရီခန့်တွင် စစ်ကောင်စီမှ သေဆုံးအလောင်းများကို ပြန်လည် သယ်ယူသွားပြီး လက်ရှိတွင် စစ်ရေးအခြေအနေတင်းမာလျက်ရှိသည်ဟု ၎င်းတာဝန် ရှိသူမှ ဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *