သာလီစွပါ AA ဒုန်း ဒုန်း ဒုန်း

မောင်တောမြို့ရှိ စစ်ကောင်စီ၏ ရန်အောင်ပြင်ကင်းစခန်းကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်၊ မင်းပြားမြို့မှ စစ်တပ်၏ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ၆ ရက်မြောက်အဖြစ် ထိုးစစ်ဆင်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ ရန်အောင်ပြင် ကင်းစခန်းကို AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း AA က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၃၂ မိနစ်အချိန် AA ထံတွင် လက်နက် ချ အညံ့မခံသည့် စစ်တပ်စခန်းများထဲမှ တစ်ခုဖြစ်သော မောင်တောမြို့ ရန်အောင်ပြင် ကင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် အချိန်တွင် ၎င်းစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထို့ပြင် အဆိုပါစခန်း ပတ်ဝန်းကျင်ရှိ လက်ကျန်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း AA က ပြောဆိုသည်။

AA အနေဖြင့် သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ချေမှုန်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည့်နည်းတူ လက်နက်ချအညံ့မခံသေးသော ကျန်ရှိနေသေးသည့် စခန်းများကို ဆက်လက် သိမ်းပိုက်ရယူရေးကိစ္စရပ်များကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ကြောင့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား မြိုများ၌ရှိသော လက်နက်ချအညံ့မခံသည့် အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်းများကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ မင်းပြားမြို့ မှ တစ်ခုတည်းသော ရန်သူ၏ လက်ကျန်စခန်းဖြစ်သည့် ကမ်းနီရွာအနီးရှိ စစ်ကောင်စီ ၏ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကို ရက္ခိုင့်တပ်တော်မှ ခြောက်ရက်မြောက် ထိုးစစ်နေ့ အဖြစ် ဆက် လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ၊ပုဏ္ဏားကျွန်းမြိုမှ ခမရ ၅၅၀ ကိုလည်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

စစ်ကောင်စီက ရမ်းဗြဲမြို့ကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ယခင်နေ့များနည်းတူ ဆက်လက်ပြုလုပ်နေခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *