ခြင်းကျားအာမီကတော့လှူလိုက်ပြန်ဘီ

မံစီရှိ စစ်ကောင်စီ၏ စီခမ်းကြီး ဗျူဟာစခန်းကိုသိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းဂိုဒေါင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၍ လက်နက်ခဲယမ်း ၅၀ ရာ ခိုင် နှုန်းပျက်စီး၊ ကျန် ၅၀ ရာခိုင်နှုန်းသာ အကောင်းအတိုင်းရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ စီခမ်းကြီး ဗျူဟာစခန်းကိုသိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းဂိုဒေါင်ကို စစ်တပ် တိုက်လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် လက်နက်ခဲယမ်း ၅၀ ရာခိုင်နှုန်းပျက်စီးကာ ကျန် ၅၀ ရာခိုင်နှုန်းသာ အကောင်းအတိုင်းရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်၍ ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ “စီခမ်းကြီး ဗျူဟာစခန်း”ကို KIA ၊ PDF၊ AA မဟာမိတ်တပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင် စီက အဆိုပါ စစ်တပ် စခန်းမကျဆုံးစေရေးအတွက် လေကြောင်းပစ်ကူများ တောက် လျှောက်သုံးကာ ခုခံကာကွယ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် အဆိုပါစခန်းကို KIA ၊ KPDF နှင့် AA တို့ပါဝင်သော မဟာမိတ်တပ်များက သိမ်းပိုက်ရရှိခဲ့ကြောင်း၊ စခန်းသိမ်းပိုက်ရရှိပြီးနောက် စစ်တပ်က လေကြောင်းဖြင့် တောက်လျှောက် ဗုံးကျဲခဲ့ပြီး လက်နက်ဂိုဒေါကိုပါ ဗုံးကျဲချခဲ့ကြောင်း၊ လက်နက်ခဲယမ်း ၅၀ ရာခိုင်နှုန်းပျက်စီးပြီး ကျန် ၅၀ ရာခိုင်နှုန်းသာ ပြန်လည် ရရှိကြောင်း သိရှိရသည်။ “စီခန်းကြီးဗျုဟာတပ်ရင်းက သိမ်းထားတဲ့လက်နက်ခဲယမ်းတွေမှာ ၅၀ ရာခိုင်နှုန်းပဲ သိမ်းယူရခဲ့တယ်။ လက် နက် ခဲယမ်း ဂိုဒေါင်ကို လေယာဉ်ကဗုံးကြဲ ထားလို့ ပျက်စီးကုန်တယ်။

လက်နက်ခဲယမ်းတွေ အကုန်သိမ်းယူလို့မရခဲ့ဘူး” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ စီခမ်းကြီးဗျူဟာစခန်းကို KIA နှင့်မဟာမိတ်များက တိုက်ခိုက်စဉ် ဖေဖော်ဝါ ရီလ ၁၇ ရက်နေ့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦးသေဆုံးပြီး အရပ်သား ၃၀ ကျော် ထိခိုက်ဒဏ်ရာရ ကြောင်း ၊ စစ်ကောင်စီ၏ စီခမ်းကြီး ဗျူဟာ စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *