ငပုလက်အောက်ကကောင်တွေက သူခိုးမဟုတ်ရင်ဂျပိုးပဲ

လေယာဥ်ဆီများ ခိုးယူရောင်းချခဲ့သည့် နေပြည်တော် Su-30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေးကို စစ်ကောင်စီက စုံခုံ ဖွဲ့စည်း၍ စစ်ဆေးမည် ဖေဖော်ဝါရီ ၂၄ ရက်နေပြည်တော် Su-30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေးကို လေယာဥ်ဆီများ ခိုးယူရောင်းချခဲ့သည့်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ စုံခုံ (စုံစမ်းစစ်ဆေးရေးခုံ) ကို ယခု ဖေဖော်ဝါရီလအတွင်းက ဖွဲ့စည်း၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်း မြစ်ထံက သိရသည်။နေပြည်တော် Su-30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေးက လေယာဥ်ဆီများ ခိုးယူရောင်းချခဲ့သည် ဆိုသော အကြောင်းအရာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက စတင်၍ စစ်ကောင်စီတပ်တွင်း ပျံ့နှံ့ ခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဆေးအရေးယူမည့်အဖွဲ့ စုံခုံ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။“အခုလအတွင်းထဲမှာပဲ သူ့ကို (ဗိုလ်မှူးကြီး ခန့်နေသွေး) အ‌‌ရေးယူမယ့် အဖွဲ့တွေရော စစ်ဆေးမယ့်အဖွဲ့တွေရော ဖွဲ့ထားပြီးပါပြီ။ အခု လက်ရှိသူ့ပိုင်ဆိုင်မှုတွေကို လျှို့ဝှက် အဖွဲ့ဆိုတာကို သပ်သပ်ဖွဲ့စည်းပြီးတော့လည်း စတင်စစ်နေကြတာတွေလည်းရှိပါတယ်။ ဘယ်မှာစစ်ဆေးနေကြတယ်ဆိုတော့မသိရသေးပါဘူ” ဟု စစ်ကောင်စီ လေတပ်နှင့် နီးစပ်သူ Non CDM အရာရှိတစ်ဦးက ပြောသည်။Su-30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေးကို စစ်ဆေးမည့် အဖွဲ့တွင် စုစုပေါင်း စစ်ကောင်စီအရာရှိ ငါးဦးအထိဖွဲ့စည်းထားပြီး ဗိုလ်ချုပ်တစ်ဦးက ဦးဆောင်ကာ ယခု ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။“သူ့ကို စစ်ဆေးမဲ့ အဖွဲ့ ငါးဦးက အရာရှိတွေနဲ့ ဖွဲ့စည်းထားတာ။ ယခုလထဲမှာ အပြီးသတ်စစ်ဆေးကြမှာဖြစ်တယ်။ လျှို့ဝှက်အဖွဲ့တွေကတော့ သူတို့လုပ်ရမယ့်အလုပ် လုပ်ပြီးတိတ်တဆိတ် စစ်နေကြတာလဲရှိတယ်” ဟု လေတပ်နှင့်နီးစပ်သူ Non CDM အရာရှိက ဆက်လက်ပြောကြားသည်။Su-30တိုက်လေယာဉ်အုပ်မှူးဖြစ်သူ ဗိုလ်မှူးကြီး ခန့်နေသွေးသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်ကုန်ပိုင်းက စတင်၍ ၂၀၂၃ ခုနှစ်အထိ လေယာဥ်ဆီများ ရောင်းစားခဲ့ရာ တစ်လလျှင် လေယာဥ်ဆီ ဂါလံ ၁၃,၀၀၀ ကို ရောင်းချ၍ လေယာဉ်ဆီ ရောင်းရ‌‌ငွေ တစ်လသိန်း တစ်ထောင် ဝန်းကျင်အထိ ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။Su-30 လေယာဥ်တစ်စီးလျှင် တစ်ကြိမ်ပျံသန်းလျှင် လေယာဥ်ဆီ ဂါလံ ၂၇၀၀ ခန့် ဖြည့်ရပြီး ဗိုလ်မှူးကြီး ခန့်နေသွေးက ဂါလံ ၅၀၀ ခန့်ကို ပုံမှန် ရောင်းချရန် ညွှန်ကြားခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။ဗိုလ်မှူးကြီး ခန့်နေသွေးသည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် တက်ရောက် နေရစဉ်ကလည်း သင်တန်းနည်းပြများကို သိန်း ၃ဝဝဝ ဝန်းကျင် ပေးကမ်းကာ ထိုမှနေ၍ လေယာဉ်ဆီများကို ခိုးယူရောင်းချရန် အမိန့်ပေး ညွှန်ကြားခဲ့ပြီး ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။စစ်ကောင်စီတွင် Su-30 ရှစ် စင်းအထိ ပိုင်ဆိုင်ထားသည်ဟု ပြောဆိုလျက်ရှိသော်လည်း လက်ရှိ နေပြည်တော် လေတပ်တွင် Su-30 လေးစင်းရှိကြောင်း လေတပ်နှင့် နီးစပ်သူ Non CDM အရာရှိတစ်ဦး အတည်ပြုဖြေကြားထားသည်။ဗိုလ်မှူးကြီး ခန့်နေသွေးသည် တိုက်ပွဲများတွင် အမိန်ပေးညွှန်ကြားနေသူဖြစ်ပြီး ကျေးရွာများ၌ တော်လှန်ရေးတပ်ဖွဲ့များရှိ၍ ကျေးရွာများအတွင်းသို့ ဗုံးကြဲချရန် စေခိုင်းခဲ့သူ ဖြစ်ကြောင်း သိရသည်။ ဗိုလ်မှူးကြီး ခန့်နေသွေးနှင့် ဇနီးဖြစ်သူ ဒေါ်စိမ့်စိမ့်လွင်တို့သည် နေပြည်တော်နှင့် ရန်ကုန်တွင်မြေကွက်များ အများအပြားဝယ်ယူထားပြီး သိန်း ၁၂၀၀တန် Toyota Rush ကားတစ်စီး၊ သိန်း ၂၀၀၀တန် တရုတ်ကားတစ်စီး၊ ရန်ကုန် အလုံတွင် ကွန်ဒိုတစ်လုံး၊ ရန်ကုန် ကန်တော်လေးတွင် တိုက်ခန်း တစ်ခန်း နှင့်နေပြည်တော်တွင် သိန်း ၅၀၀ တန် ခြံကွက် လေးကွက်အပြင် သီးခြားပိုင်ဆိုင်ထားမှုများရှိနေသေးကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။Su-30 ရုရှား တိုက်ခိုက်ရေး လေယာဉ်များ၏အုပ်မှူး ဖြစ်သည့် စစ်ကောင်စီ လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ရာထူး က ဖယ်ရှားခံ ရပြီးနောက် ၎င်း၏ တပည့်ရင်းဖြစ်သူ ဒုဗိုလ်မှူး ကြီးခန့်နေသွေးကို Su-30 ရုရှား တိုက်ခိုက်ရေး လေယာဉ်များ၏အုပ်မှူးအဖြစ် ၂၀၂၂ ခုနှစ်က ခန့်အပ်ခဲ့သည်။ပုံစာ-အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် Su-30 လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီးခန့်နေသွေး တို့တွေ့ဆုံစဥ်#

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *