ရွှေဈေးတွေ မိုးပေါ်ထိမြင့်တတ်

အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ငွေကျပ် ၃၉ သိန်းခွဲအထိ ရောက်ရှိဖေဖော်ဝါရီ ၂၄ ပြည်တွင်းရွှေစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၃၉ သိန်းခွဲသို့ ရောက်ရှိလာကြောင်း ရန်ကုန်မှ ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။

“ကမ္ဘာ့ရွှေစျေးလည်း တက်တယ်။ မြန်မာ့ရွှေစျေးတက်တာက ဒေါ်လာစျေးမာနေတာရယ်၊ နောက်ပြီး နိုင်ငံရေး အခြေအနေက သိတဲ့အတိုင်းပဲ။ စစ်မှုထမ်းဥပဒေတွေနဲ့ဆိုတော့ စီးပွားရေးတွေလည်း အလှုပ်အခတ်များတယ်။ စျေးကွက်မငြိမ်ဘူး။ အကြောင်းတရားတွေက တစ်ခုတည်းကိုတော့ ပြောလို့မရဘူး။

အဝယ်အရောင်းကတော့ အဝယ်ရှိတယ်။ ဒီနေ့ စနေပေမယ့် အဝယ်များတယ်။ ဒီစျေးတန်းမှာပဲ အပေါ်ထပ်တက်နိုင်သေးတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။

ကမ္ဘာ့ရွှေစျေးကွက်တွင်လည်း ရွှေတစ်အောင်စလျှင် ယနေ့ အမေရိကန်ဒေါ်လာ ၂၀၃၅ ဖြင့် စျေးဖွင့်ခဲ့ပြီး ၂၀၅၁ အထိ အမြင့်ဆုံးတက်ခဲ့ကာ လက်ရှိတွင် ၂၀၄၅ ဒေါ်လာ စျေးပေါက်နေကြောင်း သိရှိရသည်။

အမေရိကန်ဒေါ်လာမှာမူ တစ်ဒေါ်လာလျှင် ၃၆၁၀ ကျပ်နှင့် ၃၆၅၀ ကျပ်အကြား အရောင်းအဝယ်ကိုလိုက်၍ စျေးအနည်းငယ်အတက်အကျရှိကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *