နုကြည်သတိပေးနေဘီနော် အဓိက ကရပ်ကျေးတွေပဲ

စစ်ကောင်စီရဲ့ စစ်မှုထမ်းလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်သူတွေကို အရေးယူမယ်လို့ NUGသတိပေး

ဖေဖော်ဝါရီ-၂၄၊ ၂၀၂၄

စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ပက်သက်သူတွေကို အကြမ်းဖက်မှုကျူးလွန်သူတွေအဖြစ် သတ်မှတ်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

အကြမ်းစစ်တပ်ရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ပြည်သူတွေကို‌ပေါ်တာဆွဲတာ၊ အတင်းအဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းဖို့ဆင့်ခေါ်တာ၊ သင်တန်းပေးတဲ့လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်တာတွေဟာ အကြမ်းဖက်မှုကို ကျူးလွန်ရာရောက်တယ်လို့ NUGက ဆိုပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတဝှမ်း စစ်ရေးရှုံးနိမ့်နေချိန်မှာ ပြည်သူတွေကို အကြမ်းဖက်မှုတွေမှာ အတင်းအဓမ္မ ပါဝင်စေခိုင်းဖို့နဲ့ စစ်ပွဲတွေမှာ လူသားဒိုင်းအနေနဲ့ ခိုင်းစေဖို့ ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည် ဖော်နေတာ ဖြစ်တယ်လို့ NUGက ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်ဟာ နိုင်ငံတော်အာဏာကို အတင်းအဓမ္မနည်းနဲ့ ရယူထားပြီး တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်တာကြောင့် ဥပဒေပြဌာန်းဖို့ အခွင့်အာဏာမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၁၀ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာပြီးနောက် ၃ရက်အကြာမှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီဥပ‌ဒေပြဌာန်းပြီးနောက် လူငယ်အများစုဟာ ပြည်ပထွက်ခွာဖို့ ကြိုးစားနေကြတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ထားတဲ့ လူငယ်တွေလည်း အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။

စစ္ေကာင္စီရဲ႕ စစ္မႈထမ္းလုပ္ငန္းေတြမွာ ပူးေပါင္းပါဝင္သူေတြကို အေရးယူမယ္လို႔ NUGသတိေပး
ေဖေဖာ္ဝါရီ-၂၄၊ ၂၀၂၄
စစ္ေကာင္စီရဲ႕ စစ္မႈထမ္းဖို႔ ဆင့္ေခၚတဲ့ လုပ္ငန္းေတြမွာ ပါဝင္ပက္သက္သူေတြကို အၾကမ္းဖက္မႈက်ဴးလြန္သူေတြအျဖစ္ သတ္မွတ္ၿပီး ဥပေဒနဲ႔အညီ အေရးယူေဆာင္႐ြက္သြားမယ္လို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က ထုတ္ျပန္ထားပါတယ္။
အၾကမ္းစစ္တပ္ရဲ႕ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရး ဗဟိုအဖြဲ႕က ျပည္သူေတြကို‌ေပၚတာဆြဲတာ၊ အတင္းအဓမၼဖမ္းဆီးၿပီး စစ္မႈထမ္းဖို႔ဆင့္ေခၚတာ၊ သင္တန္းေပးတဲ့လုပ္ငန္းေတြမွာ ပူးေပါင္းေဆာင္႐ြက္တာေတြဟာ အၾကမ္းဖက္မႈကို က်ဴးလြန္ရာေရာက္တယ္လို႔ NUGက ဆိုပါတယ္။
စစ္ေကာင္စီဟာ ႏိုင္ငံတဝွမ္း စစ္ေရးရႈံးနိမ့္ေနခ်ိန္မွာ ျပည္သူေတြကို အၾကမ္းဖက္မႈေတြမွာ အတင္းအဓမၼ ပါဝင္ေစခိုင္းဖို႔နဲ႔ စစ္ပြဲေတြမွာ လူသားဒိုင္းအေနနဲ႔ ခိုင္းေစဖို႔ ရည္႐ြယ္ၿပီး ျပည္သူ႔စစ္မႈထမ္းဥပေဒကို အေကာင္အထည္ ေဖာ္ေနတာ ျဖစ္တယ္လို႔ NUGက ဆိုပါတယ္။
အၾကမ္းဖက္စစ္အုပ္ဟာ ႏိုင္ငံေတာ္အာဏာကို အတင္းအဓမၼနည္းနဲ႔ ရယူထားၿပီး တရားမဝင္ အၾကမ္းဖက္အဖြဲ႕အစည္းျဖစ္တာေၾကာင့္ ဥပေဒျပဌာန္းဖို႔ အခြင့္အာဏာမရွိဘူးလို႔ ထုတ္ျပန္ခ်က္မွာ ပါရွိတယ္။
စစ္ေကာင္စီဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ၁၀ရက္မွာ ျပည္သူ႔စစ္မႈထမ္းဥပေဒကို ေၾကညာၿပီးေနာက္ ၃ရက္အၾကာမွာ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးဗဟိုအဖြဲ႕ကို ဖြဲ႕စည္းခဲ့တာ ျဖစ္ပါတယ္။
အဲဒီဥပ‌ေဒျပဌာန္းၿပီးေနာက္ လူငယ္အမ်ားစုဟာ ျပည္ပထြက္ခြာဖို႔ ႀကိဳးစားေနၾကတာျဖစ္ၿပီး ေတာ္လွန္ေရးတပ္ဖြဲ႕ေတြနဲ႔ ခ်ိတ္ဆက္ထားတဲ့ လူငယ္ေတြလည္း အမ်ားအျပားရွိခဲ့တာ ျဖစ္ပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *