တလရတစ်​ လျောက်ညိမ်လာတဲ့ မွန်ပြည်နယ်ရေသတိသာထားနေကြတော့

မွန်ပြည်နယ်မှာ တစ်လလျှင် လူငယ် ၅၀၀ နီးပါး စစ်မှုထမ်းဖို့ဆင့်ခေါ်နိုင်

ဖေဖော်ဝါရီလ ၂၅ ရက်

အရေးမလှစစ်ရှုံးနေတဲ့ စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည် နယ်မှာ တစ်လလျှင် လူငယ် ၅၀၀ နီးပါး စစ်မှုထမ်းဖို့ ဆင့်ခေါ်နိုင်တယ်လို့ သိရပါတယ်။

မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့ မွန်ပြည်နယ်မှာ ရပ်ကွက်ပေါင်း ၁၀၀ ၊ ကျေးရွာအုပ်စု ၃၆၈ အုပ်စု ရှိနေတာဖြစ်ပြီး စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုမှုအရ တစ်လလျှင် လူငယ် ၄၆၈ ဦးအထိ စစ်မှုထမ်းဖို့ ဆင့်ခေါ်မယ့်အခြေအနေပါ။စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၇ ရက်နေ့က ချောင်းဆုံမြို့နယ် ကုလားဘီကျေးရွာရှိ တောင်သူတွေနဲ့တွေ့ဆုံစဉ် စစ်မှုထမ်း အပတ်စဉ်(၁)မှာ ကျေးရွာအုပ်စု ၄၇ အုပ်စုရှိတဲ့ ချောင်းဆုံမြို့နယ်က လူငယ် ၄၇ ဦး စစ်မှုထမ်းရမယ်လို့ ပြောဆိုသွားခဲ့တာပါ။

လက်ရှိမှာလည်း မွန်ပြည်နယ် စစ်ကောင်စီဟာ အရွယ်ရောက်ပြီးသာ လူငယ်တွေစစ်မှုထမ်းဆောင်ကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာနဲ့ စစ်မှုထမ်းဆောင်ပါက လစာနဲ့ခံစားတွေရရှိမယ့်အ ကြောင်း လိုက်လံစည်းရုံးတာတွေ ရှိနေပါတယ်။ဒေသခံလူငယ်တစ်ဦးကတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ ပြည်သူတွေအချင်းချင်း ပြန်သတ်ခိုင်းဖို့ ဖြစ်တဲ့အတွက် လုံးဝလက်မခံနိုင်သလို လူငယ်တွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ် ဆောင်ထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ဒီတိုင်းပြည်ကောင်းစားနေတဲ့အချိန်မှာဒါမျိုး ဥပဒေတွေ ဒါမျိုးလုပ်ရပ်တွေလုပ်တာက တစ်မျိုးပေါ့နော်။ လက်ရှိအခြေအနေမှာ လူငယ်တွေကို စစ်တပ်ထဲသွင်းမယ်။ သွင်းပြီးတော့ ပြည်သူတွေကို ပြန်သတ်ခိုင်းတဲ့ အခြေအနေတစ်ရပ်ကို ဘယ်လူငယ်ကမှ စိတ်ဝင်စားမှာ မဟုတ်ဘူး။ သူတို့လုပ်ချင်မှာ မဟုတ်ဘူး။ စိတ်မပါတဲ့ လူငယ်ဖြစ်စေ ဒီတော်လှန်ရေးကို စိတ်ပါတဲ့လူငယ်ဖြစ်စေပေါ့နော်။ အ ကြောင်းအမျိုးမျိုးကြောင့် ဘယ်တော့မှ အဆင်မပြေနိုင်တဲ့ အခြေအနေတစ်ခုတော့ရှိတယ်။

ဒီလုပ် ရပ်ကိုတော့ ကျွန်တော်အပြင်းအထန်တော့ ကန့်ကွက်ရှုတ်ချတယ်။ ဒါကမဖြစ်သင့်ဘူး။ လုပ်လည်း မလုပ်သင့်ဘူး”လို့ ဆိုပါတယ်။စစ်ကောင်စီကတော့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)ကို လာမယ့်သင်္ကြန်အပြီးမှာ စတင်သွားမှာဖြစ်ပြီး အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်း၊ တစ်နှစ် လူပေါင်း ၆၀၀၀၀ စစ်မှုထမ်းဖို့ ဆင့်ခေါ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။စစ်အာဏာရှင်ဟောင် ဦးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

စစ်မှုမထမ်းဆောင်ဖို့အတွက် အကြောင်းအမျိုးမျိုးပြပြီး ငြင်းဆန်တာ၊ စစ်မှုမထမ်းနိုင်အောင် ကြိုးပမ်သူတွေကို အနည်းဆုံးထောင်ဒဏ် ၁ နှစ်ကနေ ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။မွန်ပြည်တော်လှန်ရေးတပ် MSRF စစ်ဆင်ရေးတာဝန်ခံ ရဲဘော်တလနိုင်ကတော့ စစ်ကောင်စီဘက်က မကြာမီကာလအတွင်း စစ်မှုထမ်းဖို့ ဆင့်ခေါ်လာနိုင်တဲ့အတွက် လူငယ်တွေအနေနဲ့ တော်လှန် ရေးအင်အားစု ပူးပေါင်းဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ပြောပါတယ်။ “ကျွန်တော်တို့ရဲ့ မွန်တော်လှန်ရေးကို အသက်ပြန်သွင်းဖို့အတွက်က လူငယ်တွေက ကိုယ့်အသိစိတ်နဲ့ ကိုယ်နဲ့လာရောက် ပူးပေါင်းပြီးတော့ ပါဝင်ပြီးတော့ တော်လှန်ကျဖို့ အချိန်ကောင်းအခါကောင်း ဖြစ်တယ်ပေါ့နော်။ ကျွန်တော်တို့ကဘဝတူ တိုင်းရင်းသားတွေလို့ ပြောတယ်ပေါ့နော်။

တခြားသော တိုင်းရင်းသားတွေမှာ သူတို့ကအားနဲ့အင်နဲ့ စစ်ကောင်စီကို အမြစ်ပြတ်ဖို့အတွက် တိုက်ပွဲဝင်နေကြတဲ့အချိန်မှာ ကျွန်တော်တို့ မွန်လူငယ်တွေအနေနဲ့ကတော့ အခြားသော တိုင်းရင်းသားတွေနည်းတူ ပူးပေါင်းပြီးတော့ ပါဝင်ပြီးတော့ အတူတကွလက်တွဲပြီး တော်လှန်ကြရမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းမှုဥပဒေကို ပြည်သူလူထုတစ်ရပ်လုံး ဆန့်ကျင်တိုက်ဖျက်ကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေမှာ လာရောက်ပူးပေါင်းပြီး စစ်မှုထမ်းကြဖို့ ဖိတ်ခေါ်တာတွေ ရှိနေတာပါ။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်အတွင်းက ဒေသခံလူငယ်တွေဟာ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကို အလုံးအရင်းနဲ့ ပြည်ပထွက်ခွာတာတွေ ရှိနေသလို နေ့စဉ်နဲ့အမျှ ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP-Myanmar အဆိုအရ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံရဲ့ ဖြစ်ထွန်းမှုလမ်းကြောင်း တစ်ခုလုံး မျိုးဆက်နဲ့ချီ အနုတ်လက္ခဏာအရွှေ့ ဖြစ်သွားနိုင်ခြေရှိတယ်လို့ သုံးသပ်ထားပါတယ်။ဓာတ်ပုံ-CJ#

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *