သာယာဝတီသား​တွေ လက်စွမ်းပြလိုက်ကြတော့

သာယာဝတီထောင်တွင် ထောင်ပိုင် ရဲရင့်နိုင်က နိုင်ငံရေးအကျဉ်းသားများကို အတင်းအဓမ္မအလုပ်ခိုင်းစေပြီး အလုပ်မလုပ်လိုလျှင် ငွေပေးရန် မိသားစုထံ ငွေညှစ်‌တောင်းခံနေရန်ကုန်၊

ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်း၊ သာယာဝတီဗဟိုအကျဥ်းထောင်တွင် ထောင်ပိုင် ရဲရင့်နိုင် အပါအဝင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို အတင်းအဓမ္မ အလုပ်ခိုင်းစေနေပြီး အလုပ်မလုပ်လိုပါက ငွေပေးရန် မိသားစုထံ ဆက်သွယ်ငွေညှစ်တောင်းခံနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသားများကို အလုပ်မလုပ်လိုပါက ထောင်အာဏာပိုင်များက ကျပ် ၅ သိန်းမှ ၁၀ သိန်းကျပ်အထိ ပေးရန် တောင်းခံနေခြင်း ဖြစ်ကြောင်း သိရှိရသည်။ “ထောင်အာဏာပိုင်တွေက တစ်ဆင့်သော် လည်းကောင်း၊ အကျဉ်းသားဉ်းသားတွေက တစ်ဆင့်သော်လည်း ကောင်း မိသားစုဝင်တွေဆီ တောင်းတယ်။

အကျဉ်းထောင်ထဲမှာ စိတ်ပင်ပန်းနေရတာကို အလုပ်ကြမ်းပါ ခိုင်းတာ မဖြစ်စေဖို့ ကြိုးစားရှာဖွေ ပေးရတဲ့ မိသားစုတွေ ရှိပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။အကျဉ်းထောင်များအတွင်း အကျဉ်းသားများအတွက်အိမ်သာသန့်ရှင်းရေးဘုတ်၊တောင်ယာဘုတ်၊ရေချိုးကန်ဘုတ်၊ထမင်းချက်ဖိုကြီးဘုတ် အပါအဝင် အလုပ်ဘုတ်များစွာရှိနေပြီး အဆိုပါ အလုပ်များကို နိုင်ငံရေးအကျဉ်း သားများကို တမင် ဖိအားပေး၍ အတင်းအဓမ္မအလုပ်ခိုင်းစေနေခြင်း ဖြစ်ကြောင်း သိရှိရသည်။သာယာဝတီထောင်တွင်း ငွေညှစ်နေသူများမှာ ထောင်ပိုင် ရဲရင့်နိုင်၊ ဦးစီးအရာရှိ သန်းဝင်း၊ဦးစီးအရာရှိ ကျော်လှိုင်မိုးနှင့် လက်ထောက်ကြည့်ကြပ်ရေးမှုး ချမ်းသာတို့ ပူးပေါင်းကာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *