ငပုမိသားစု ချမ်းသာအောင်အသ-တ်ပေးနေကြတာ မသနားနဲ့

ရခိုင်တွင် သေဆုံးသွားသည့် အောက်ခြေတပ်မိသားစု၀င်များ၏ အခြေအနေမှန်ကို စစ်ကောင်စီက အသိပေးခြင်းမရှိဘဲ စစ်တိုက်ခိုင်းထား၊

▪️ပျောက်ဆုံး သေဆုံး တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်အချို့ အာဟာရ ပြတ်လပ်၍ ရန်ကုန်သို့ ရောက်ရှိနေ

ဖေဖော်ဝါရီလ ၂၅ ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် မင်းပြားတိုက်ပွဲများတွင် စစ်ကောင်စီ၏ အောက်ခြေ တပ်မိသားစု၀င်များကို ကမ်းထိုးရေယာဉ် အစုတ်များဖြင့် ထွက်ပြေးခိုင်းရာမှာ နစ်မြုပ် သေဆုံးမှုများ ဖြစ်ပွားခဲ့‌သည်။

အဆိုပါ တပ်မိသားစု၀င်များ ရေနစ်မြုပ်သေဆုံးမှုကို စစ်ကောင်စီတပ်သားများထံ အခြေ အနေအမှန်ကို အသိမပေးဘဲ ဆက်လက်၍တိုက်ပွဲများတွင် တိုက်ခိုက်ရန်စေခိုင်း ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ နှင့် ၈ ရက်နေ့များတွင် ကျောက်တော် စကခ-၉ မှ စစ်သည်နှင့် မိသားစု၀င်များကို ဆုတ်ခွာစစ်အနေဖြင့် ရွှေ့ပြောင်းပေးရာတွင် အစီ အစဉ်တကျ ရွှေ့ပြောင်းပေးမှုမရှိခဲ့သည့်အတွက် ရက္ခိုင့်တပ်တော် (AA) မှ လိုက်လံ တိုက်ခိုက်ရာမှ စစ်ကောင်စီတပ်သားများနှင့် တပ်မိသားစု၀င်များ ရေနစ် မြုပ်သေဆုံးခဲ့ ကြသည်။

“မိသားစု၀င်တွေကို ကမ်းထိုးအစုတ်နဲ့ သယ်တာ အကုန်သေဆုံး၊ ပျောက်ဆုံးအဆင့်ပါ။ ရန်ကုန် လှိုင်ကဘုရင့်နောင်စစ်ကြောရေးမှာ ရောက်နေတာက အမ်းကမိသားစု၀င် အနည်းငယ်ပါ။ အဲ့ဒီအကြောင်း စစ်သားတွေကို ပေးမသိဘဲ စစ်ဆက်တိုက်ခိုင်း ထားတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက သင်္ဘောနစ်မြုပ်နေစဉ်တွင် စနစ်တကျ ကယ်ဆယ်ရေး လုပ်ဆောင်ခြင်း မရှိဘဲ အတွဲလိုက် ဒရော့ဗုံးများဖြင့် ရမ်းသမ်းကြဲချခြင်းများပြုလုပ်ခဲ့ပြီး ရေနစ်မြုပ်၍ အသက်လု ကူးခတ်ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များကို (AA) က လိုက်လံ ကယ်ဆယ်ခဲ့သဖြင့် အသက်ရှင်သူအချို့ရှိခဲ့သည်ကို ထွက်ပေါ်လာသည့် ရုပ်သံဖိုင် မှတ်တမ်းများအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း ကန်ဇောက် ၅၃၉ တပ်ရင်းတစ်ခုလုံး မိသားစု ၀င်များပါမကျန် AA ထံ လက်နက်ချအညံ့ခံသည့် ကိစ္စဖြစ်ပွားပြီးနောက် စစ်ကောင်စီက မိသားစုများရှိနေလျှင် နောက်ဆံငင်၍ စစ်မတိုက်နိုင်ဟုဆိုကာ စစ်ရေးပြင်းထန်နေသည့် နယ်မြေများမှ မိသားစု၀င်များကို ဖြစ်သလို ကမ်းထိုးရေ ယာဉ်အစုတ်များဖြင့် ရွှေ့ပြောင်း မှုများပြုလုပ်ပေးခဲ့ သည်ဟု သိရသည်။

စစ်ကောင်စီသည် လောက်ကိုင်ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်ဒကစ) အညံ့ခံစဉ်ကလည်း တပ်မိသားစုများ၏အရေးကို ရှေ့ရှုသောကြောင့် လက်လွှတ်ခဲ့ ရခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ပြန်ကြားရေးတာ၀န်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

စစ်ကောင်စီက ထိုသို့ပြောဆိုထားသော်လည်း ယခု ရခိုင်ပြည်နယ် ကျောက်တော်နှင့် မင်းပြားတို့တွင်ရှိသည့် တပ်မိသားစု၀င်များကို ရွှေ့ပြောင်းရာတွင် ခွာစစ်စီမံချက်ကို လုံလောက်သည့် အသက်ကယ်ဘောကွင်းများ၊ အသက်ကယ်လှေများ မပါ၀င်ဘဲ ဖြစ်သလို ပို့ဆောင်ခဲ့သည့်အတွက် သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

စစ်သည်မိသားစုများကို ရွှေ့ပြောင်းရာတွင် စစ်ကောင်စီတပ် အရာရှိ မိသားစု၀င် များကိုမူ လုံခြုံစိတ်ချရသည့် သင်္ဘောကြီးများနှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့ကစ၍ ကျောက်ဖြူရေတပ်စခန်းမှ သံတွဲသို့ ပို့ဆောင်ပေးခဲ့ပြီး စစ်တွေမှ အရာရှိ မိသားစု ၀င်များကိုလည်း လေယာဉ်စင်းလုံးဖြင့် ရန်ကုန်သို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

စိတ်ဓာတ်ကျဆင်းစေ‌နိုင်သည့် အကြောင်းအရာများကို စစ်သဘောအရ ထိပ်တန်း လျှို့ဝှက်ချက်အဖြစ်ထားရမည်ဟု သတ်မှတ်ထားသော်လည်း ယခု အောက်ခြေတပ် မိသားစု၀င်များ၏ အသက်သေဆုံးသည်ကိုပါ အသိမပေးဘဲ စစ်ကောင်စီက သတင်း ထိန်ချန်၍ ဖုံးဖိထားကြောင်း သိရသည်။

ယခုဖြစ်စဉ်တွင် မဆုတ်တမ်းခံစစ်၊ ခွာစစ်၊ မြို့မကျစေရေးစီမံချက်များချမှတ်ထားသည့် မြို့တော်စစ်တွေသို့ နည်းအမျိုးမျိုးဖြင့် ပို့ဆောင်ခံရသည့် အောက် ခြေတပ်သားများမှာ အင်တာနက်လိုင်း၊ ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည့်အတွက် စစ်ကောင်စီပြော သမျှကိုယုံကြည်ပြီး မိသားစု၀င်များသေဆုံးသည့် သတင်းမှန်ကိုမသိရဘဲ စစ်ရေးပြင်ဆင် နေ‌ရကြောင်း သိရသည်။

ထို့အပြင် ရခိုင်ရှိ စခက-၉ လက်အောက်ခံတပ်ရင်းများမှ အောက်ခြေတပ်သားများ၏ မိသားစု၀င်များ ဖြစ်သည့် သက်ကြီးရွယ်အိုကျား ၁၀ ဦး၊ စစ်သည် များ၏ ဇနီး ၅၃ ဦး၊ အရွယ်ရောက်ပြီး ကလေး ကျား၊မ ၂၈ ဦး၊ အရွယ်မရောက်သေးသည့် ကလေး ကျား၊မ ၂၁ ဦး စုစုပေါင်း ၁၁၂ ဦးတို့သည် ရန်ကုန်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးတပ် (ဘုရင့်နောင်)သို့ အာဟာရ ပြတ်လပ်၍ ရောက်ရှိလာကြောင်း သိရသည်။

“သူတို့အသုံး မကျလို့ ရေနစ်သေသွားတဲ့ တပ်မိသားစု၀င်တွေကိုလည်း ရခိုင်တွေ သတ်သလို ဝါဒဖြန့်ထားတယ်။ မိသားစု၀င်တွေကို ပို့တဲ့နေရာမှာလည်း စနစ်တကျ စီစဉ်ထားတာ မဟုတ်တော့ တပ်အသိုင်းအဝိုင်းကလူတွေက အလှူခံကျွေးနေရတယ်” တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ မိသားစု၀င်များသည် ရခိုင်ပြည်နယ် ရှေ့တန်း၌ ပျောက်ဆုံးနှင့် သေဆုံး စစ်သည်များ၏ မိသားစု၀င်များဖြစ်ပြီး စစ်ကောင်စီက ထောက်ပံ့စောင့်ရှောက်မှု မရှိသည့်အတွက် စစ်ကြောရေးတပ်တွင် ခေတ္တတည်းခိုနေထိုင်နေရပြီး လာရောက် ပေးကမ်း လှူဒါန်းသည့် ပစ္စည်းများနှင့် နေထိုင်နေရကြောင်း သိရသည်။

ဓာတ်ပုံ-AA Info Desk

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *