ကေအိုင်အေတို့ အပီကြိတ်တော့မယ် အောင်မြင်ပါစေ

ဆင်ဘိုမြို့ရှိ တစ်ခုတည်းသော ခလရ ၁၄၁ တပ်စခန်းကို KIA ပူးပေါင်းတပ်များ ပိတ်ဆို့ထား

ဖေဖော်ဝါရီလ ၂၆

ကချင်ပြည်နယ် မြစ်ကြီးမြို့နယ် ဆင်ဘိုမြို့ရှိ ခလရ(၁၄၁)တပ်ကို စစ်ကူမလာနိုင်ရန် ကုန်းလမ်း၊ ရေလမ်းများနှင့် ရိက္ခာများ ဖြတ်တောက်၍ KIA ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင် ပစ်ခတ်သံများ မကြားရတော့ကြောင်း ဒေသခံများထံမှ သိရသည်။

ဆင်ဘိုမြို့နှင့် (၃)မိုင်ခန့်ဝေးသည့် ခလရ(၁၄၁)တပ်စခန်းသည် ဆင်ဘိုမြို့တွင်ရှိသည့် တစ်ခုတည်းသော စစ်ကောင်စီတပ်စခန်းဖြစ်ပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့ကစတင်ကာ KIA ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းမှစတင်ကာ ပစ်ခတ်သံများ မကြားရတော့သဖြင့် တပ်စခန်းသိမ်းခံရခြင်းဟုတ်၊ မဟုတ်ကိုမူ အတည်မပြုနိုင်သေးဟု ဆိုသည်။“မနေ့က တိုက်ပွဲတော်တော်ပြင်းထန်တယ်။

မနေ့ကတော့ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေတယ်။ လေယာဉ်နဲ့လည်း ဗုံးလာကြဲတယ်။ သူတို့တပ်စခန်းကို ပြန်ပစ်နေတာ။ ခုခံနေရတဲ့သဘော။ အဲဒီတပ်စခန်းက အင်အားနည်းတယ်။ ဒါပေမယ့် နည်းဗျူဟာကောင်းတဲ့သဘောပဲ။ ဒီနေ့တော့ ပစ်ခတ်သံတွေ မကြားရတော့ဘူး။

သိမ်းလိုက်ပြီလားဆိုတာတော့ မသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။အဆိုပါတပ်စခန်းကို KIA ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ရန် ပြီးခဲ့သည့်(၁၀)ရက်ဝန်းကျင်က စတင်ပြီး လမ်းကြောင်းနှင့် ရိက္ခာများ ဖြတ်တောက်ထားခြင်းဖြစ်ပြီး လက်ရှိ တိုက်ပွဲ(၃)ရက်ကြာအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူများသည်ဟု ဆိုသည်။ “ချက်ခြင်းထဖြစ်တော့ မပြေးနိုင်သူတွေ၊ ပိတ်မိနေသူတွေရှိတယ်။ ဒီလိုပဲနေရတယ်။

နောက်ပြီး G-5 နဲ့ G-9 စာမေးပွဲကလည်း မပြီးသေးတော့ ဆရာမတွေလည်း ရွာထဲမှာပိတ်မိနေကြတယ်။ မနက်ဖြန်မှ စာမေးပွဲကပြီးမှာဆိုတော့ အဖြေလွှာတွေကို ဘယ်လိုပို့ကြမယ်မသိဘူး။ လက်ရှိတော့ မြို့နဲ့ ရွာတွေ အပျက်အစီးတော့မရှိဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။ KIA ပူးပေါင်းတပ်များက ခလရ(၁၄၁)တပ်စခန်းကို ရိက္ခာလမ်းကြောင်း စတင်ဖြတ်တောက်ချိန်မှစ၍ ဆင်ဘိုမြို့ ရှိ ဌာနဆိုင်ရာဝန်ထမ်းများမှာ ရုံးကိုစွန့်၍ ထွက်ပြေးသွားကြခြင်းဖြစ်ပြီး ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများသာ ကျန်ရစ်ခဲ့ကြသည်ဟု ဒေသခံများက ဆိုသည်။ခလရ(၁၄၁)တပ်စခန်းသည် မြစ်ကြီးနား-ဗန်းမော်ကြား ဧရာဝတီမြစ်ကမ်းဘေးတွင် နှစ်(၂၀)ကျော်ကြာ အခိုင်အမာ တပ်စွဲထားသည့် စခန်းဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *