“ကြံ့ဖွတ် ပါတီဝင် ၅၀၀၀၀ စစ်မှုထမ်းရမည်ဟု ခင်ရီ ပြောကြား”
ဖေဖော်ဝါရီလ ၂၅ ရက်နေ့
နေ့လည် ၁ နာရီ အချိန်က ကြံ့ဖွတ် ခင်ရီနဲ့ မင်းအောင်လှိုင်ရဲ့ ကြက်ခြံအတွင်းရှိ နိုင်ငံရေးပါတီ ၁၃ ခုမှ ဥက္ကဋ္ဌ ဆိုသူတွေ တွေ့ဆုံခဲ့ကြပြီး ၎င်းတို့ရဲ့ ပါတီဝင်တွေကို အချိုးကျ စစ်မှုထမ်းစာရင်း ပေးသွင်းကြဖို့ အလွတ်သဘော ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
ကြံ့ဖွတ် အတွင်းသတင်းအရ ခင်ရီက စစ်မှုထမ်းဖို့အတွက် ကြံ့ဖွတ် ပါတီဝင်အင်အား အနည်းဆုံး ၅၀၀၀၀ ကို မင်းအောင်လှိုင်ထံ အာမခံထားပြီး တခြားပါတီတွေကိုလည်း ပါတီဝင် အင်အားအလိုက် အချိုးကျ စနစ်ဖြင့် စစ်မှုထမ်း စာရင်းပေးသွင်းဖို့ ဆွေးနွေးပွဲမှာ တိတ်တဆိတ် စည်းရုံးလှုံ့ဆော်ခဲ့ကြောင်း သိရှိရပါတယ်။
ကြံ့ဖွတ်ပါတီအတွက် စစ်မှုထမ်းစာရင်းကို ခရိုင်ပါတီ တာဝန်ခံတွေက တဆင့် ရွေးချယ်သွားမှာဖြစ်ကြောင်း ပါတီတွင်း သတင်းရင်းမြစ်က လျှို့ဝှက် သတင်းပေးပို့ထားပါတယ်။