လာပြန်ဘီနောက်တစ်မျိုး အမျိုးမျိုးကိုဒုက္ခပေးနေလိုက်(ရုပ်သံ)

စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှ ပြည်သူများကို ပိုမိုထိန်းချုပ်ရန် လူတိုင်း Smart Card မဖြစ်မနေ လုပ်ရန် အတင်း အကျပ် ဖိအားပေး ခိုင်းစေနေ (ရုပ်/သံ)

ဖေဖော်ဝါရီ ၂၆

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှ ပြည်သူများကို ပိုမိုထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်ရှိသည့် လူတိုင်း Smart Card မဖြစ်မနေ လုပ်ရန် အတင်းအကျပ် ဖိအားပေး ခိုင်းစေနေ ကြောင်း သိရှိရသည်။

ယခုရက်ပိုင်းအတွင်း တစ်နိုင်ငံလုံးတွင် စစ်ကောင်စီက ပြည်သူများအားလုံး မဖြစ်မနေ Smart Card လုပ်ကြရန် မြို့နယ်၊ ရပ်ကွက်ကျေးရွာများတွင် ဖိအားပေး ခိုင်းစေနေခြင်းဖြစ်ကြောင်း၊ Smart Card မလုပ်သူများကို နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်မပြုဆိုသော စည်းကမ်းချက်အသစ်များ ထုတ်လာကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စစ်ကောင်စီ၏ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထိုသို့ ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ် လျှောက်ထားရန် Online မှ Booking ရရှိပြီးသူများ နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားပါက လဝကက စိစစ်ထားသော Smart Card ၏ UID (Unique Identification Number) နံပါတ် များ တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီကရိုးရိုး သာမန်နိုင်ငံသားမှတ်ပုံတင်များနေရာတွင် Smart Card-UID များ အသုံးပြုရန် စီစဉ်လာခြင်းမှာ Smart Card ကို ကွန်ပျူတာတွင် ရိုက်ထည့်လိုက်ရုံဖြင့် ပြည်သူတစ်ဦးချင်းစီ၏ နောက်ကြောင်းရာဇဝင် အပါအဝင် ကိုယ်ရေး အချက်အလက်အားလုံး ချက်ချင်းသိရှိနိုင်သော အားသာချက်များရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ နည်းပညာသုံး၍ ပြည်သူများကို ပိုမို တင်းကျပ်စွာ ထိန်းချုပ်ရန်ဖြစ်ကြောင်း ကွန်ပျူတာနည်းပညာကျွမ်းကျင်သူတချို့က သုံးသပ်ပြောဆိုသည်။

စစ္ေကာင္စီက ႏိုင္ငံတစ္ဝန္းမွ ျပည္သူမ်ားကို ပိုမိုထိန္းခ်ဳပ္ရန္ လူတိုင္း Smart Card မျဖစ္မေန လုပ္ရန္ အတင္း အက်ပ္ ဖိအားေပး ခိုင္းေစေန (႐ုပ္/သံ)
ေဖေဖာ္ဝါရီ ၂၆
အၾကမ္းဖက္စစ္ေကာင္စီက ႏိုင္ငံတစ္ဝန္းမွ ျပည္သူမ်ားကို ပိုမိုထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ႏိုင္ငံသားစိစစ္ေရးမွတ္ပုံတင္ရွိသည့္ လူတိုင္း Smart Card မျဖစ္မေန လုပ္ရန္ အတင္းအက်ပ္ ဖိအားေပး ခိုင္းေစေန ေၾကာင္း သိရွိရသည္။
ယခုရက္ပိုင္းအတြင္း တစ္ႏိုင္ငံလုံးတြင္ စစ္ေကာင္စီက ျပည္သူမ်ားအားလုံး မျဖစ္မေန Smart Card လုပ္ၾကရန္ ၿမိဳ႕နယ္၊ ရပ္ကြက္ေက်း႐ြာမ်ားတြင္ ဖိအားေပး ခိုင္းေစေနျခင္းျဖစ္ေၾကာင္း၊ Smart Card မလုပ္သူမ်ားကို ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားခြင့္မျပဳဆိုေသာ စည္းကမ္းခ်က္အသစ္မ်ား ထုတ္လာေၾကာင္း သိရွိရသည္။
ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔တြင္ စစ္ေကာင္စီ၏ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕က ထိုသို႔ ၫႊန္ၾကားလိုက္ျခင္းျဖစ္ေၾကာင္း၊ ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားရန္ Online မွ Booking ရရွိၿပီးသူမ်ား ႏိုင္ငံကူးလက္မွတ္ လာေရာက္ေလွ်ာက္ထားပါက လဝကက စိစစ္ထားေသာ Smart Card ၏ UID (Unique Identification Number) နံပါတ္ မ်ား တစ္ပါတည္း ယူေဆာင္လာရမည္ျဖစ္ေၾကာင္း သိရွိရသည္။
စစ္ေကာင္စီက႐ိုး႐ိုး သာမန္ႏိုင္ငံသားမွတ္ပုံတင္မ်ားေနရာတြင္ Smart Card-UID မ်ား အသုံးျပဳရန္ စီစဥ္လာျခင္းမွာ Smart Card ကို ကြန္ပ်ဴတာတြင္ ႐ိုက္ထည့္လိုက္႐ုံျဖင့္ ျပည္သူတစ္ဦးခ်င္းစီ၏ ေနာက္ေၾကာင္းရာဇဝင္ အပါအဝင္ ကိုယ္ေရး အခ်က္အလက္အားလုံး ခ်က္ခ်င္းသိရွိႏိုင္ေသာ အားသာခ်က္မ်ားရွိေနျခင္းေၾကာင့္ျဖစ္ေၾကာင္း၊ နည္းပညာသုံး၍ ျပည္သူမ်ားကို ပိုမို တင္းက်ပ္စြာ ထိန္းခ်ဳပ္ရန္ျဖစ္ေၾကာင္း ကြန္ပ်ဴတာနည္းပညာကြၽမ္းက်င္သူတခ်ိဳ႕က သုံးသပ္ေျပာဆိုသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *