နတ်ကိုင်တာမဟုတ်ဘူး ဝဋ်လည်တာ

အုပ်ဖို စရဖရုံးမီးလောင်၊ စစ်ကောင်စီတပ်သား ၃ဦး စိုးရိမ်ဒဏ်ရာရရှိ

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ မိုးညိုတန်းရပ်ကွက်၊ ချမ်းမြသာမြေ (၂) လမ်းရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးအတွင်း မီးလောင်ဗုံးပေါက်ကွဲပြီး ရုံးမီလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေမှ တဆင့်သတင်းရရှိ ပါတယ်။

ဖေဖော်ဝါရီလ ၂၅ရက်၊ နေ့လည် ၂နာရီ ၄၀ မိနစ်အချိန်မှာ အဲဒီ စရဖရုံးအတွင်း ပေါက်ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် စတင် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

“ရုံးခြံဝန်းထဲမှာက အဆောက်အဦး ၃လုံးရှိတယ်၊ ၁လုံးကဝေးတယ်၊ ၂လုံးက ကပ်နေတာပေါ့နော်၊ သစ်သားနဲ့ ဆောက်ထားတဲ့ ဝန်ထမ်းအိမ်ရာကနေ စလောင်တာ ဘေးကရုံးကိုပါ ဆက်လောင်တယ်ပေါ့နော်၊ ရုံးကကျ တိုက်အဆောက်အဦးဆိုတော့ အဖီလောက်ပဲလောင်တာပေါ့နော်၊ စာရွက်စာတမ်းအနည်းငယ်လောက် ပါသွား တယ်” လို့ ဒေသခံတဦးက မောင်းသတင်းဌာနကို ပြောပါတယ်။

မီးလောင်ပြီးနောက် အဆိုပါ စရဖရုံးမှာ လုံခြုံရေးတိုးမြင့်ထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်မှုဟာ ပြည်သူတစ်ချို့ကလည်း ပေါ့ဆမီးလို့ ပြောဆိုနေပေမယ့် တချို့ကလည်း မီးလောင်ဗုံး ပစ်သွင်းဖောက်ခွဲခံရတာလို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ သို့သော် တော်လှန်ရေးအဖွဲ့တွေဘက်ကတော့ ထုတ်ပြန်လာခြင်းတော့ မရှိသေးပါဘူး။

မီးလောင်မှုကြောင့် တပ်ကြပ်ကြီးစာရေး ၁ ဦး၊ နယ်မြေခံစရဖအရာရှိ ၁ဦး၊ စခန်းတာဝန်ခံ အရာရှိ ၁ဦး တို့မှာ ပြင်းထန်ဒဏ်ရာရှိပြီး စိုးရိမ်ရကာ မီလောင်သွားတဲ့ အဆောက်အဦးအတွင်းရှိ ပရိဘောဂများနှင့် လက်နက်ရုံ တခြမ်း မီးလောင်ပျက်ဆီးသွားတယ်လို့ တပ်တွင်းသတင်းပေးထံမှ ကနဦးသတင်းရရှိပါတယ်။

အဆိုပါ စရဖရုံးဟာ စစ်ကြောရေးစခန်းအဖြစ် စစ်တပ်က အသုံးပြုနေတဲ့ နေရာဖြစ်ပြီး စုံစမ်းစစ်ဆေးနေစဉ်အတွင်း နှိပ်စက်ခံလို့ အသက်သေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ကာ ထို စရဖရုံးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ CDM သူနာပြု ဒေါ်မေဇွန်မိုးဟာ စစ်ကြောရေး စစ်ဆေးခံခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ပုံစာ- မီးလောင်ခဲ့တဲ့ စရဖရုံး

အုပ္ဖို စရဖ႐ုံးမီးေလာင္၊ စစ္ေကာင္စီတပ္သား ၃ဦး စိုးရိမ္ဒဏ္ရာရရွိ
ေဖေဖာ္ဝါရီ ၂၆၊ ၂၀၂၄
ပဲခူးတိုင္း၊ အုတ္ဖိုၿမိဳ႕နယ္၊ မိုးညိဳတန္းရပ္ကြက္၊ ခ်မ္းျမသာေျမ (၂) လမ္းရွိ စစ္ဘက္ေရးရာ လုံၿခဳံေရးတပ္ဖြဲ႕ (စရဖ)႐ုံးအတြင္း မီးေလာင္ဗုံးေပါက္ကြဲၿပီး ႐ုံးမီေလာင္ပ်က္စီးခဲ့တယ္လို႔ ေဒသခံေတြမွ တဆင့္သတင္းရရွိ ပါတယ္။
ေဖေဖာ္ဝါရီလ ၂၅ရက္၊ ေန႔လည္ ၂နာရီ ၄၀ မိနစ္အခ်ိန္မွာ အဲဒီ စရဖ႐ုံးအတြင္း ေပါက္ကြဲသံ က်ယ္ေလာင္စြာ ထြက္ေပၚလာၿပီးေနာက္ စတင္ မီးေလာင္ခဲ့တယ္လို႔ သိရပါတယ္။
“႐ုံးၿခံဝန္းထဲမွာက အေဆာက္အဦး ၃လုံးရွိတယ္၊ ၁လုံးကေဝးတယ္၊ ၂လုံးက ကပ္ေနတာေပါ့ေနာ္၊ သစ္သားနဲ႔ ေဆာက္ထားတဲ့ ဝန္ထမ္းအိမ္ရာကေန စေလာင္တာ ေဘးက႐ုံးကိုပါ ဆက္ေလာင္တယ္ေပါ့ေနာ္၊ ႐ုံးကက် တိုက္အေဆာက္အဦးဆိုေတာ့ အဖီေလာက္ပဲေလာင္တာေပါ့ေနာ္၊ စာ႐ြက္စာတမ္းအနည္းငယ္ေလာက္ ပါသြား တယ္” လို႔ ေဒသခံတဦးက ေမာင္းသတင္းဌာနကို ေျပာပါတယ္။
မီးေလာင္ၿပီးေနာက္ အဆိုပါ စရဖ႐ုံးမွာ လုံၿခဳံေရးတိုးျမင့္ထားၿပီး လမ္းသြားလမ္းလာ ျပည္သူေတြကိုလည္း စစ္ေဆးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
အဆိုပါ မီးေလာင္မႈဟာ ျပည္သူတစ္ခ်ိဳ႕ကလည္း ေပါ့ဆမီးလို႔ ေျပာဆိုေနေပမယ့္ တခ်ိဳ႕ကလည္း မီးေလာင္ဗုံး ပစ္သြင္းေဖာက္ခြဲခံရတာလို႔ ေျပာဆိုမႈေတြလည္း ရွိေနပါတယ္။ သို႔ေသာ္ ေတာ္လွန္ေရးအဖြဲ႕ေတြဘက္ကေတာ့ ထုတ္ျပန္လာျခင္းေတာ့ မရွိေသးပါဘူး။
မီးေလာင္မႈေၾကာင့္ တပ္ၾကပ္ႀကီးစာေရး ၁ ဦး၊ နယ္ေျမခံစရဖအရာရွိ ၁ဦး၊ စခန္းတာဝန္ခံ အရာရွိ ၁ဦး တို႔မွာ ျပင္းထန္ဒဏ္ရာရွိၿပီး စိုးရိမ္ရကာ မီေလာင္သြားတဲ့ အေဆာက္အဦးအတြင္းရွိ ပရိေဘာဂမ်ားႏွင့္ လက္နက္႐ုံ တျခမ္း မီးေလာင္ပ်က္ဆီးသြားတယ္လို႔ တပ္တြင္းသတင္းေပးထံမွ ကနဦးသတင္းရရွိပါတယ္။
အဆိုပါ စရဖ႐ုံးဟာ စစ္ေၾကာေရးစခန္းအျဖစ္ စစ္တပ္က အသုံးျပဳေနတဲ့ ေနရာျဖစ္ၿပီး စုံစမ္းစစ္ေဆးေနစဥ္အတြင္း ႏွိပ္စက္ခံလို႔ အသက္ေသဆုံးတဲ့အထိ ျဖစ္ခဲ့တဲ့ ျဖစ္စဥ္ေတြရွိခဲ့ကာ ထို စရဖ႐ုံးမွာ ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ ဖမ္းဆီးသတ္ျဖတ္ခံခဲ့ရတဲ့ CDM သူနာျပဳ ေဒၚေမဇြန္မိုးဟာ စစ္ေၾကာေရး စစ္ေဆးခံခဲ့ရတယ္လို႔ ေတာ္လွန္ေရးတပ္ဖြဲ႕ေတြဆီက သိရပါတယ္။
ပုံစာ- မီးေလာင္ခဲ့တဲ့ စရဖ႐ုံး

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *