မိုက်တာကွာ ကိုယ့်တေ တွင်းကိုယ်တူးဆိုသလိုပဲ

ချောင်းဦး၊ မုံရွာ-မန္တလေးလမ်းမတွင် မိုင်းရှင်းလင်းပြီး ပြန်လာသည့် ကား မိုင်းကွဲပြီး စစ်သား ၃ ဦးသေဆုံးရန်ကုန်၊

ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးကားလမ်းမပေါ်တွင် မိုင်းရှာဖွေပြီး ပြန်လာသော ကားပေါ်တွင် မိုင်း ကွဲပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Chaung U People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့‌ ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၉ နာရီခွဲခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်စစ်တပ်စခန်း မှ အကြမ်း ဖက် စစ်သားများသည် လိုက်ထရပ်၊ အန်စာ တုံး၊ ခွေးဘီလူး ကား ၃ စီးဖြင့် ထွက်လာပြီး မုံရွာ -မန္တလေး လမ်းမကြီးပေါ်တွင် ပြည်သူများကို ဓားစာခံဖမ်းဆီးကာ မိုင်းရှာဖွေခဲ့ကြောင်း၊ ရှာဖွေ တွေ့ရှိသည့် မိုင်းများကို ကားပေါ်တင်ကာ ပြန်ထွက်လာစဉ် လိုက်ထရပ်ကားပေါ်၌ မိုင်းထကွဲခဲ့ရာ ကားပေါ်ပါ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“မနေ့က မနက် ၉ နာရီခွဲလောက်ကပါဗျ၊ မုံရွာ -မန္တလေးလမ်း၊ ချောင်းဦးမြို့နယ်တကြောလုံးနီးပါး မိုင်းရှာထွက်တာ၊ အင်အားကတော့များတယ်၊ အတိအကျတော့မသိဘူး၊ ဓားစာခံဖမ်းခံရတဲ့ပြည်သူ တွေကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်၊ မိုင်းရှာဖွေပြီး ပြန်ထွက်လာတဲ့အချိန် ကားပေါ်မှာကွဲတာ၊ ၃ ဦးသေတယ်၊ ၄ ဦးအပြင်းအထန်ဒဏ်ရာရတယ်” ဟု Chaung U People Defense Force မှ တာဝန် ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကို Chaung U People Defense Force (မြို့နယ် ပကဖ တိုက်ခိုက်ရေး အဖွဲ့) က လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ လတ်တလော အရေးပေါ် အခြေအနေအရ ပြည်သူများ သွားလာခြင်းမပြုကြရန် ထုတ်ပြန်အသိပေးထားသည်။

ဓာတ်ပုံ- ကရင်နီပြည်တွင် ယမန်နှစ် မိုင်းခွဲ ပျက်စီးသွားသော စစ်ကောင်စီကားတစ်စီး။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *