အပြင်မထွက်ရဲတော့ တ-ပ်တွင်းမှာပဲဇာတ်တွေရှုပ်ကြ

နေပြည်တော်ကကထုတ်စစ်ရုံးဝင်းအတွင်းမှာ ဗိုလ်ချုပ်သားများနှင့် စစ်ရုံးစာရေးမအဖွဲ့ မူးယစ်ဆေးဝါးသုံး ပျော်ပါးမှု ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း ဖုံးဖိထား

■ ကကထုတ်စစ်ရုံးမှ စာရေးမ ၁၁ ဦး အကျယ်ချုပ်ချခံထားရပြီး ၁ ဦးကို ရန်ကုန်တပ်သို့ ချက်ချင်းပြောင်းရွှေ့ရန်ကုန်၊

ဖေဖော်ဝါရီ ၂၈

နေပြည်တော်၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ် ရေး တပ်ဖွဲ့ အရာရှိချုပ်ရုံး(ကက ထုတ်) အတွင်းမှာ ဗိုလ်ချုပ် သားတချို့နဲ့ စစ်ရုံးက စစ်ဝန်ထမ်းစာရေးမတွေ မူးယစ်ဆေးဝါးသုံးပြီး ပျော်ပါးခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပျက်သွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာ သုံးစွဲတဲ့ မူးယစ်ဆေးဝါး K နဲ့ စာရေးမတွေနဲ့ အတူ ပျော်ပါးနေတာတွေကိုလည်း လက်ပူးလက်ကြပ်ဖမ်းဆီးရရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်က အခု ဖေဖော်ဝါရီလဆန်းပိုင်းမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး နောက် ဆက်တွဲ ဖမ်းဆီးစစ်ဆေးမှုတွေလုပ်တဲ့အခါ ဗိုလ်ချုပ်သားနေအိမ်နဲ့ ကကထုတ်စစ်ရုံး ဝန်ထမ်း တပ်ကြပ်ကြီး စာရေးမတွေနေတဲ့ အပျိုရိပ်သာမှာပါ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရရှိခဲ့ပါတယ်။

ကကထုတ်စစ်ရုံးစာရေးမတွေဘက်မှ မူးယစ်ဆေးဝါးကို ဦးဆောင်ပြီး သုံးစွဲသူကတော့ ကြည်ကြည်လင်းထိုက်ဖြစ်ပါတယ်။ ဒါ့အပြင် စာရေးမတွေနဲ့ ဗိုလ်ချုပ်သားတွေက မူးယစ်ဆေးဝါးသုံးစွဲပြီး ပျော်ပါးကြတဲ့ကိစ္စကိုပါ မီးခိုးကြွက်လျှောက် ဖော်ထုတ်ရမိတယ်လို့ သိရပါတယ်။

စစ်တပ်မှာ မူးယစ်ဆေးဝါးသုံးစွဲတာ၊ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးနေမှုတွေက နေပြည်တော် စစ်ရုံးထဲမှာ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းရဲ့ သားဖြစ်သူလည်း မူးယစ်ဆေးဝါးသုံးစွဲမှုကို မကြာသေးမီက ဖမ်းဆီးရရှိခဲ့ပါသေးတယ်။

ဒါပေမယ့် ဖခင်တွေက ထိပ်တန်းဗိုလ်ချုပ်တွေ ဖြစ်တော့ ဖုံးဖုံးဖိဖိနဲ့ ပြီးစီးလိုက်ကြပါတယ်။ အခုတစ်ခါလည်း ကကထုတ်စစ်ရုံးအတွင်းမှာ တပ်ကြပ်၊ တပ်ကြပ်ကြီး စာရေးမတွေနဲ့ ဗိုလ်ချုပ်သားတွေ မူးယစ်ဆေးဝါးအတူချကြတဲ့ကိစ္စပါ ထပ်ဖြစ်လာပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်သားတွေက သူတို့ အလိုရှိတဲ့ ပျော်ပါးကြပြီး အဲဒီလိုပျော်ပါးမှုအတွက်လည်း ဗိုလ်ချုပ်သားတွေက စစ်ရုံးဝန်ထမ်း စာရေးမ တစ်ဦးကို ငွေကျပ် အနည်းဆုံး ၅ သိန်းပေးတယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ပျော်ပါးမှုတွေကို စိစစ်ဖော်ထုတ်သိရှိရပေမယ့်လည်း ဗိုလ်ချုပ်သားတွေဖြစ်နေတာ၊ ထိပ်တန်းအရာရှိ အကြီးပိုင်းတချို့ ပါဝင်ပတ်သက်နေတာကြောင့် ခေါင်းဆောင် ကကထုတ် စာရေးမ တပ်ကြပ်ကြီး ကြည်ကြည်လင်းထိုက်ကို ရန်ကုန် ကာကွယ်ရေးပစွည်းထုတ်လုပ်ရေးတပ်(အင်လျားကန် ဘောင် နားကတပ်)ဆီသို့ ချက်ချင်း ပြောင်းရွှေ့လိုက်ပါတယ်။

သူကလည်း ကကထုတ်အကြီးတန်းအရာရှိနဲ့ ဇတ်လမ်းတွေ ရှိနေတာလည်းဖြစ်ပါတယ်။ ကျန်တဲ့ စစ်ရုံး ဝန်ထမ်း စာရေးမ ၁၁ ဦးကတော့ နေအိမ်အကျယ်ချုပ်သဘောမျိုး အပျိုဆောင်မှာ ဆက်လက်ချုပ်နှောင်ထားပါတယ်။ ဒီကိစ္စကို ပြင်ပကို သတင်းမပေါက်ဖို့ ကကထုတ်တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းက ဖုံးဖိခိုင်းထားပါတယ်။ “တကက/စရေးမတွေနဲ့ လူကြီးသားတွေပေါင်းပြီး K ချကြတာ။

ပျော်ပါးကြတာ က စစ်ရုံးထဲမှာဖြစ်တာရယ်၊ စစ်ရုံး အရာခံ၊ အကြပ်ကြီးရိပ်သာ အပျိုစာရေးမ ၁၂ ယောက်ပါဝင်နေတာကြောင့် ဖုံးဖိထားကြတယ်။ နောက်ဆက်တွဲ စာရေးမတွေနဲ့ဒုဗိုလ်ချုပ်ကြီး သား တွေအိမ်မှာ Kတွေမိတယ်။ ချက်ချင်း တန်းဖုံးလိုက်ကြတယ်။ စာရေးမထဲမှာ ခေါင်းဆောင်သူ ကြည်ကြည်လင်းထိုက်ကတော့ ရန်ကုန်တပ်ကို တပ်ပြောင်းပါသွားပါတယ်။ စစ်ရုံးထဲကနေ အလုပ်မပြုတ်ဘဲ ရန်ကုန်တပ်ရောက်သွားပါတယ်။ ကျန်တဲ့ ၁၁ ဦးကတော့ နေပြည် တော်မှာပဲ အကျယ်ချုပ် ရှိနေပါသေးတယ်” လို့ နေပြည်တော်စစ်ရုံးသတင်းရင်းမြစ်က ရှင်းပြပါတယ်။ ဓာတ်ပုံ- အရာရှိသားတွေ မူးယစ်ဆေးဝါးသုံးပြီး စစ်ရုံးစာရေးမတွေနဲ့ ပျော်ပါးကြတဲ့ကိစ္စ ဖုံးဖိနေတဲ့ ကကထုတ် ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *