အစောင့်ခဝေး၂ကောင် နံနံခြားကားထဲကလိုလွှင့်စင်ထွက်

Update- Mytel ရုံးချုပ် မိုင်းခွဲခံရမှု အစောင့်စစ်သား ၂ဦး လွင့်ထွက်သွားဟုဆို

ဖေဖော်ဝါရီလ ၂၉ ရက်

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ Mytel ရုံးချုပ်ကို ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ အစောင့်စစ်သား ၂ဦး လွင့်ထွက်သွားကြောင်း သိရသည်။ယင်း တိုက်ခိုက်မှုကို ဖေဖေါ်ဝါရီ၂၈ရက်၊ညနေ ၆နာရီခန့် က ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Yangon Army (YA)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဒုတာဝန်ခံက ပြောသည်။

“အစောင့်စစ်ခွေးနှစ်ကောင် လွင့်ထွက်သွားတာ မျက်မြင်အတည်ပြုနိုင်ခဲ့ပါတယ်။ညတွင်းချင်း ဆေးကုသမှုလုပ်ဖို့ စစ်ဆေးရုံကို ပို့ထားတယ်ကြားတယ်။သေ၊မသေတော့ မသိရသေးဘူး။သေဖို့က များပါတယ်။ Mytelရုံးအဆောက်အအုံလည်း မိုင်းက အားပြင်းတော့ ထိခိုက်မှုများနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

မိုင်းခွဲ ပြီးနောက် ဖေဖေါ်ဝါရီ၂၈ရက်၊ည ၇နာရီ ၁၅မိနစ်မှ ယနေ့(ဖေဖေါ်ဝါရီ၂၉ရက်) နံနက် ၁နာရီအထိ လုံခြုံရေးစစ်ဆေးမှုများကို ဦးထောင်ဘိုအဝိုင်းနှင့် Mytel ရုံးချုပ်အနီးတွင် ပြုလုပ်ခဲ့ပြီး ယနေ့နံနက် ၆နာရီမှ ၁၀နာရီခွဲအထိ လမ်းသွားလမ်းလာများအား စစ်ဆေးခဲ့ကြောင်း ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

“စစ်တာကတော့ အိမ်စီးကားတွေကိုပေါ့။အနီးအနားက အမြဲဖြတ်သွားဖြတ်လာလုပ်တဲ့ လူတွေကိုတော့ ဘယ်သွားတာလဲ၊ဘယ်ကပြန်လာတာလဲပဲ မေးတယ်။ဖုန်းတော့မစစ်ပါဘူး။စစ်သားတွေရော ရဲတွေရောအများကြီးပဲ။တချို့က Mytel ရုံးချုပ်ဝင်းထဲမှာပဲရှိတယ်။ဒီနေ့မနက် ၁၀ခွဲလောက်ကတော့ စစ်ဆေးတာတွေမရှိတော့ပါဘူး”ဟု ၎င်းက ပြောသည်။

Mytel ရုံးချုပ်ကို တိုက်ခိုက်ခဲ့သည့် YAတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ယမန်နေ့ည ဖောက်ခွဲမှုအတွင်း စစ်သား ၂ဦး သေဆုံးနိုင်ကြောင်း ပြောသည်။”ထိခိုက်မှုပြင်းတဲ့ မိုင်းဖြစ်တဲ့အတွက် အနီးကပ်ထိတာဆိုတော့ သေဖို့များပါတယ်။ပြည်သူတွေကို ဘာပြောချင်လဲဆိုတော့ စစ်ရေးအရှိန်တွေမြင့်လာတော့မှာဖြစ်တဲ့အတွက် ပြည်သူတွေ စကစနဲ့ပတ်သက်သမျှ နေရာတွေကိုရှောင်ရှားသွားလာကြဖို့နဲ့ တော်လှန်ရေးကိုတတ်နိုင်တဲ့ဘက်ကပူးပေါင်းပါဝင်ကြဖို့မေတ္တာရပ်ခံပါတယ်” ဟု ၎င်းက ပြောသည်။

Mytel ကုမ္ပဏီကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားက ရှယ်ယာအများစု ပိုင် ဆိုင်ထားကြောင်းသိရသည်။၂၀၂၃ခုနှစ်၊ဒီဇင်ဘာ ၁ရက်နေ့ညကလည်း ရန်ကင်းမြို့မ ရဲစခန်းဝင်းအတွင်းသို့ Yangon Army (YA)နှင့် ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မိုင်း ၂လုံး ပစ်သွင်းခဲ့ရာ ရဲတပ်သား ၃ဦးထက်မနည်း ဒဏ်ရာ ရခဲ့သေးသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *